အပိုင်း ၉

12.4K 1.1K 6
                                    

တိုက်ခန်းရှေ့ရောက်တော့ ရှောင်းကျန့် အိပ်ပျော်နေလေပြီ။ ဒီရက်ပိုင်းအတွင်း သူကြောင့် ပင်ပန်းနေတာဖြစ်မယ် ။ ရိပေါ်လဲ မနိုးချင်သေး၍ ရှောင်းကျန့် မျက်နှာကို ထိုင်ကြည့်နေမိတယ်။ အိပ်နေချိန် ဖြူ စင်လွန်းတဲ့ ယုန်ဖြူ လေးကို ချစ်လွန်းလို့ သူဘယ်လိုလုပ်ရပါ့။ တစ်ခါထဲ
ကားတင်ပြေးလိုက်ရင်ကောင်းမလား ။ ဒီလိုဆိုလဲ နိုးလာခဲ့ရင် သူ့ကိုပိုမုန်းသွားရင် ဘယ်လိုလုပ်ရမလဲ။

နဖူးပြေပြေ၊ မျက်ဝန်း၊ မျက်တောင်၊ နှာခေါင်းစင်းစင်း၊ နှုတ်ခမ်းပါးပါး၊ နောက်ဆုံး နှုတ်ခမ်းထောင့်က မဲ့လေးထိ သူတကယ် ချစ်ရတဲ့ အရာတွေချည်းပင်။ အရှေ့မှာ မြင်နေရတောင် လွမ်းတယ်ဆိုတာ ဒါကို ပြောတာဖြစ်မယ်။ ကျွန်တော်တို့ အကြာကြီး ဝေးခဲ့ကြလို့များလား။  ကျွန်တော့ကို နောက်တစ်ခါလောက် ပြန်ချစ်ပေးခဲ့ရင် ကောင်းမှာပဲ။

ရိပေါ် ကြည့်နေတာ ဘယ်လောက်ကြာသွားလဲ မသိ ရှောင်းကျန့်နိုးလာမှ ချောင်းဆိုးပြီး မမြင်ချင်ယောင်ဆောင်လိုက်ရတယ်။

" ဆောရီး ငါအိပ်ပျော်သွားတယ် "

" အင်း "

ဒီလိုနဲ့ တစ်ဖန် တိတ်ဆိတ်သွားပြန်တယ် ။

" ငါ သွားတော့မယ် ကျေးဇူးပဲ "

ရှောင်းကျန့်လဲ ဘာပြောရမှန်းမသိ၍ ခါးပတ်ဖြုတ်ပြီး ကားပေါ်က ဆင်းလာလိုက်တယ် ။

အယောင်ယောင်အမှားမှား လျှောက်လာတဲ့ခြေလှမ်းတွေက တိုက်အောက်ရောက်ခါနီး သူကြားချင်နေတဲ့ ခေါ်သံကိုကြားရတော့တယ်။

" ရှောင်းကျန့် "

လှည့်မကြည့်ဘဲ ဆက်သွားလိုက်ရမလား။ မဟုတ်လဲ သူ့ကိုပဲ ပြေးဖက်လိုက်သင့်လား။ ဒါလေးတောင် မရွေးချယ်နိုင်တဲ့ ကိုယ့်ကိုကိုယ်လဲ မုန်းမိချင်လာတယ်။

" ရှောင်းကျန့် "

" အင်း.... ဘာပြောစရာရှိလို့လဲ "

"အဲ့ဒီနေ့က ဘာလို့ မလာခဲ့တာလဲ "

ထိုမေးခွန်းကြောင့် ကျွန်တော်သူ့ကို လှည့်ကြည့်မိလိုက်တယ်။ ကျွန်တော့အကြည့်တွေက တစ်ဆင့် သူဒီအဖြေရှာတွေခဲ့ရင် ကောင်းမယ်။ မင်းရော ဘာလို့ ဒီလမ်းကို ရွေးချယ်ခဲ့တာလဲ ရိပေါ်။

L O V E  [YIZHAN]Where stories live. Discover now