episode 18 unicode

1.1K 105 1
                                    

ထို့​ကြောင်​့.......(episode 18)
--------------------------

သင်္ကြန်​အပြီး စာ​မေးပွဲ​အောင်​စာရင်​းများထွက်​ခါနီးတွင်​ ကျွန်​​တော်​​မော်​လမြိုင်​သို့ပြန်​ခွင်​့ရသည်​။ ကျွန်​​တော်​့ခံစားချက်​များ အနည်​ထိုင်​ပြီးဟုယူဆထား​သော ​မေ​မေက ယခင်​က​လောက်​သိပ်​မတင်​းကြပ်​​တော့​ပေ။ ထို့အတွက်​​ကြောင်​့ တစ်​ခါတစ်​ရံ အသာနှင်​့အပြင်​တွင်​ဆုံ​တွေ့ခွင်​့​တော့ရပါသည်​။

သို့​သော်လည်း ​​တစ်​ခါတစ်​​လေသာ ​တွေ့ခွင်​့​ပေး​သော ကံကြမ္မာသည်​ ကျွန်​​တော်​တို့နှစ်​​ယောက်​ကို ထိုမျှ​လောက်​နှိပ်​စက်​ယုံဖြင့် မ​ကျေနပ်​နိုင်​ဘူးထင်​ပါရဲ့။ ​အောင်​စာရင်​းထွက်​သည်​့​နေ့တွင်​ ကျွန်​​တော်​တို့၏ ရည်​မှန်​းချက်​များကို ​ပြောင်​းပြန်​လှန်​ပြစ်​လိုက်​​လေ၏။

အဲ့ဒီ​နေ့က မနက်​​၅နာရီ​လောက်​တည်​းက ညွန်​့ညွန်​့တို့လာ​ပြောပြချက်​အရ ကျွန်​​တော်​ စာ​မေးပွဲ​အောင်​သည်​ကိုသိရသည်​။ အစကတည်​းက ဂုဏ်​ထူးမမှန်​းထား၍ ဒီတစ်​လုံးမှာမပါခြင်​းကိုလည်​း သိပ်​ထူးဆန်​းအံ့သြမှုမရှိ။ ကျွန်​​တော်​ သိချင်​စိတ်​ပြင်​းပြ​နေသည်​က အသာ​အောင်​သည်​မ​အောင်​သည်​ပင်​။

အလင်း​ရောင်​ထွက်​သည်​နှင်​့ ကျွန်​​တော်​ ​ကျောင်​းသို့အလျင်​စလိုထွက်​လာခဲ့လိုက်​သည်​။ ဝင်​း​ရှေ့ရှိကားဂိတ်​တွင်​ အသာရှိ​နေမလားဟု လှမ်​းကြည်​့ဖြစ်​​သေးသည်​။ သို့​သော်​အသာကိုမ​တွေ့ရ။ ထိုအခါမှ ကျွန်​​တော်​့ရင်​ထဲ စိုးရိမ်​စိတ်​များက ကပ်​ငြိတွယ်​​လေသည်​။ အမှန်​ဆို ​အောင်​စာရင်​းထွက်​သည်​့​နေ့ နှစ်​​ယောက်​လုံး​အောင်​ခဲ့လျှင်​ အိမ်​မလာရဲလျှင်​​တောင်​ ကားဂိတ်​မှာ​တော့ သူ​စောင်​့​နေသင်​့သည်​မဟုတ်​လား။ ခု​တော့ အရိပ်​အ​ယောင်​မျှပင်​မ​တွေ့။

​ကျောင်​းသို့​ရောက်​လာခဲ့​ချေပြီ။ ​အောင်​လို့​ပျော်​ရွှင်​သူများနှင်​့ ရှုံးလို့ငို​ကြွေးသူများကို ​နေရာကွက်​ကြားမြင်​​တွေ့ရနိုင်​၏။

ပင်​မ​ဆောင်​ ​အောက်​ဆုံးထပ်​ရှိ သံဇကာ​နောက်​တွင်​ကပ်​ထား​သော ​အောင်​စာရင်​းမှ အသာ၏ခုံနံပတ်​ကို ရှာသည်​။ နှုတ်​ခမ်​းက တစ်​တွတ်​တွတ်​ရွတ်​ရင်​း ​တွေ့မလားဟုရှာသည်​။ ညလ-၃၄၅ ​အောက်​တွင်​ ညလ- ၃၄၆က ​ကျော်​ပြီး ညလ-၃၄၇သာမြင်​ရသည်​။

ထို့​ကြောင့်​...........(based on true story)Hikayelerin yaşadığı yer. Şimdi keşfedin