အတူတူအိပ်ကြတယ်(အတူတူအိပျကွတယျ)

1.8K 202 5
                                    

""""""""""""""

"မင်းတို့ငါ့ကိုကြည့်တာတစ်မျိုးဖြစ်နေသလိုပဲ.....''

!ဒါပေါ့...တစ်မျိုးပဲပေါ့...!!

"Phi Off နဲ့ဘယ်လိုဆုံလာကြတာလဲ..''

လူနာမေးဆိုပြီး နှစ်ယောက်အတူရောက်
လာတဲ့ Ai Gun နဲ့ Phi Off
အတူရှိနေတဲ့ Gunကို
တရားခံကြည့်နဲ့ကြည့်ပြီးမေးလိုက်တယ်...

"အဲ့ဒါက...အဟမ်း...ငါတို့အောက်မှာတွေ့
လာတာ...အဲ့ဒါနဲ့ အတူတက်လာတာလေ
အတူတူလာတာမဟုတ်ပါဘူး...''

မျက်လုံးလေးတောင်လွှဲမြောက်လွှဲနဲ့
ညာနေတာအသိသာကြီးကိုများ...

"ထားပါတော့....တကယ်လို့အတူလာတယ်ဆိုလည်း ကိစ္စမရှိပါဘူး... ''

"တကယ်အတူလာတာမဟုတ်ပါဘူးဆို...''

နွေးနေတဲ့ ပန်းသီးကိုဆောင့်ချလိုက်ပြီး
မျက်လုံးမှိတ်အော်လိုက်တဲ့ Gun ရဲ့
အသံက တိုက်ခန်းထဲဟိန်းသွားတယ်...

ပဲ့တင်သံတွေတောင်ပြန်လာသလိုပဲ...

"ဘာဖြစ်တာလဲ....ဓားထိတာလား...''

အိပ်ခန်းထဲထိ အော်သံကြားရတာမို့
နှစ်ယောက်သား ပြေးထွက်ပြီးမီးဖိုခန်းထဲဝင်ကြည့်ရသည်

လူနာမေးဆိုပြီးဝယ်လာတဲ့အသီးတွေကို
သွားခွဲမယ်ဆိုပြီး နှစ်ဦးသားထွက်သွား
ကြတာလေ...

အော်သံကြီးထွက်လာတော့တစ်ခုခု
ဖြစ်တယ်ပဲထင်မိကြတာပေါ့...
အခုတော့ နားမလည်သလိုကြည့်နေတဲ့
အကောင်ပေါက်နှစ်ကောင်ကိုသာ
တွေ့လိုက်ရတယ်....

"အော်သံကြားလိုက်လို့...တစ်ခုခုများဖြစ်
တာလားလို့...''

"Ai Gun လေ..သူအော်တာ...ကျွန်တော်
က နှစ်ယောက်အတူတူလာ.....အွန်း...''

Krist ရဲ့ပါးစပ်ကိုအတင်းအုပ်ထားတဲ့
Gun ကြောင့် Krist ခမျာ ပြူးပျာပျာနဲ့...

"အင်းလေ..နှစ်ယောက်အတူတူချိန်းပြီး
လာတယ်ဆိုလည်း ဘယ်သူမှဘာမှမပြော
ပါဘူး...''

Krist မဆုံးလိုက်တဲ့စကားကို Sing က
ဆက်ပြီးပြောလိုက်တယ်...

"မဟုတ်ပါဘူး...ဆို...''

"မဟုတ်ပါဘူး...ဆို...''

လူနှစ်ယောက်ဆီက အငြင်းဝါကျက
တစ်ထပ်တည်း....

Rebirth for LoveDonde viven las historias. Descúbrelo ahora