ကျွန်တော်၇တန်းတုန်းကပေါ့ လောကကြီးကိုစတင်သိလာချိန်ကစပြီး အတွေးတစ်ခုဝင်ခဲ့တယ် ငါ့ဘဝမှာရှေ့ဆက်ပြီးဘာတွေလုပ်ရမလဲဆိုတဲ့အတွေးပေါ့..... ဒါနဲ့စဉ်းစားကြည့်တယ် ငါဖြစ်ချင်တဲ့ရည်မှန်းချက်ကိုဖြစ်အောင်လုပ်ရမယ်လို့ပဲ တွေးမိတယ် ကျွန်တော်ကအနုပညာကိုစိတ်ဝင်စားတယ်ဗျ ၄တန်းကတည်းက Kpop ကိုစကြိုက်ခဲ့တယ်.... မထင်မှတ်ပဲ Sky net ကလာတဲ့ကိုရီးယားသီချင်းတစ်ပုဒ်ကိုနားထောင်မိရာကနေ Kpop ကိုအရမ်းရူးသွပ်စွဲလမ်းခဲ့တယ်..... အဲ့ဒါကြောင့်ကျွန်တော့်ရဲ့ရည်မှန်းချက်က တစ်နေ့ငါကိုရီးယားမင်းသားအဆိုတော်ကြီးဖြစ်ရမယ်လို့ ဆုံးဖြတ်ခဲ့တာပေါ့.... ဒါပေမယ့်အဲ့တုန်းကကျွန်တော်မရင့်ကျက်သေးဘူး မိုက်ရူးရဲတွေဆန်ခဲ့မိတယ်.... ကျွန်တော်ငယ်ငယ်ကအရမ်းဆိုးတာ လူတိုင်းနဲ့အမြဲကိုရန်ဖြစ်တာ ဘာကြောင့်လဲဆိုတော့ ကျွန်တော်နဲ့သူတို့တွေသဘောထားတွေလုံးဝမတိုက်ဆိုင်ကြလို့ ကျွန်တော်လည်းတော်တော်လေးကိုယ့်ကိုကိုယ်စိတ်ပျက်မိတယ် ငါတစ်ယောက်တည်းဘာလို့ကွဲထွက်နေရတာလည်းပေါ့ ငါသူတို့လိုမနေနိုင်လို့လား ငါကပဲအရမ်းအယူသီးနေလို့လား.... ကျွန်တော်တွေးမိတယ်
ကျွန်တော်၇တန်းရောက်တော့ နဲနဲအသိတရားတွေဝင်လာခဲ့တယ် ငါဘက်ကလျော့ပြီးသူတို့အလိုကိုလိုက်ပြီးပေါင်းမယ်လို့ဆုံးဖြတ်ခဲ့တယ်.... ကျွန်တော် အရမ်းကိုသည်းခံခဲ့တာ သူတို့ပျော်ပါစေဆိုတဲ့အတွေးနဲ့ပဲ ကျွန်တော်ရှေ့ဆက်ခဲ့တာ ကျွန်တော် ကိုယ့်ဘက်ကိုတောင်လှည့်မကြည့်ခဲ့မိဘူး.... အချိန်ကြာလာတော့ကျွန်တော်အရမ်းခံရတယ် ဘာလို့လည်းဆိုတော့ သူတို့ကကျွန်တော်ကိုလိုသုံးတွေသုံးခဲ့ကြတယ် သူငယ်ချင်းကောင်းမပီသခဲ့ကြဘူး.... ကျွန်တော်အရမ်းစိတ်နာခဲ့တယ် နောက်တော့ကျွန်တော်ရဲတင်းခဲ့တယ် ငါငါ့ကိုနိုင့်ထက်စီးနင်းလုပ်မရစေရဘူး ငါပါသူ့တစ်ယောက်တည်းနေမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ်.... ဒီလိုနဲ့သည်းခံတဲ့အတိုင်းအတာလျှော့ပြီး ကျွန်တော့်ဘဝခရီးလမ်းကိုရှေ့ဆက်ခဲ့တာပေါ့.... မင်းတို့သိကြလား လူတွေကအရမ်းသည်းခံခွင့်လွှတ်လွန်းရင် ကိုယ့်ကိုတောင်ပြန်ကန်ချပြီး နောက်ကျောကိုဓားနဲ့ထိုးတယ်ဆိုတာ.... မင်းတို့လည်းတွေ့ကြုံဖူးမှာပါ အရမ်းခံရခက်တယ် ကိုယ်ကောင်းသလောက်ဘယ်သူမှကိုယ့်လောက်ပြန်မကောင်းနိုင်ကြဘူး.... ဒီလိုနဲ့ကျွန်တော်၈တန်းရောက်တော့ သူငယ်ချင်းလေးတွေအနည်းငယ်ရလာတာပေါ့ သူတို့ကိုအရမ်းခင်တယ် အရမ်းချစ်တယ် အမြဲသူတို့အပေါ်ကောင်းပြီး ကာကွယ်ပေးခဲ့တယ် သူတို့လည်းကိုယ့်ကိုခင်ပါတယ် ဒါပေမယ့် သာမာန်ခင်မင်မှုတစ်ခုသာသာပါပဲ ကျွန်တော်ကတော့ သူတို့နဲ့နေရရင်ကိုပျော်နေတာပေါ့.... ကျွန်တော်ကငယ်ငယ်လေးကတည်းကအထီးကျန်ခဲ့တာ အဖော်အပေါင်းအသင်းကိုအရမ်းမက်ခဲ့တာ သူတို့အတွက်ဆိုအရမ်းစွန့်စားခဲ့တယ် ဒါပေမယ့်ကျွန်တော်သူငယ်ချင်းကောင်းကိုရှာမတွေ့ခဲ့ဘူး.... အိမ်ကလည်းကျွန်တော့ကိုမချစ်ဘူးလို့ ငယ်ငယ်ကထင်ခဲ့မိတယ် ကျွန်တော့်ကိုအမြဲရိုက်တယ်အမြဲဆူတယ် မျက်နှာသာလုံးဝမပေးခဲ့ဘူး သူတို့လိုချင်တာပဲရအောင်လုပ်ယူပုံသွင်းခဲ့ကြတယ် ကျွန်တော့ခံစားချက်တွေကိုလုံးဝငဲ့မကြည့်ခဲ့ကြဘူး ကျွန်တော်ဝမ်းနည်းလို့ငိုတဲ့အချိန်တွေဆို ကျွန်တော့ဘေးမှာဘယ်သူမှမရှိကြဘူး တစ်ယောက်တည်းပဲကြိတ်ငိုခဲ့ရတာတွေ တစ်ယောက်တည်းပဲအထီးကျန်တဲ့ရက်များစွာကိုဖြတ်သန်းခဲ့ရတာတွေ အများကြီးရှိခဲ့တယ် ကျွန်တော်အဲ့လိုအချိန်တွေဆို လိုချင်မိခဲ့တာလေးတစ်ခုရှိခဲ့တယ် ဝမ်းနည်းနေချိန်မှာ ကျွန်တော့်ကိုဖေးမပေးမယ့်လူတစ်ယောက်လိုချင်ခဲ့တာပေါ့.... ကျွန်တော်အဲ့ကတည်းကအပေါင်းအသင်းအဖော်မက်ခဲ့တာပေါ့ ကျွန်တော်ရဲ့အထီးကျန်မှုတွေက ကျွန်တော့ကို ခံစားချက်ထိခိုက်လွယ်မှုတွေ စိတ်ဓာတ်ကျမှုတွေ ကျွန်တော်ကိုအမြဲဂရုစိုက်စေချင်မှုတွေကို ဖြစ်ပေါ်စေခဲ့တယ်..... ကျွန်တော်ဘဝလမ်းခရီးတစ်လျောက်လူပေါင်းများစွာနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ် လူအမျိုးမျိုး စိတ်အထွေထွေပါပဲ ကျွန်တော့်အပေါ်ကောင်းတဲ့သူရှိသလို ကျွန်တော်ကိုမုန်းတီးနေတဲ့သူတွေလည်းရှိပါတယ် ကျွန်တော်ဘာမှမပြောခဲ့ပါဘူး ကျွန်တော်ကိုယ့်ပါသူပဲအေးအေးနေခဲ့တယ်..... ဒီလိုနဲ့အချိန်တွေဖြတ်သန်းလာရင်း ကျွန်တော့်ရဲ့ဘဝမှာ ပထမဦးဆုံး အချစ်ဦးကိုတွေ့ခဲ့တယ်....
နဲနဲတော့ပြောဦးမယ်ဗျ ကျွန်တော်၇တန်းတုန်းက Facebook စသုံးချိန်ပေါ့ စာလေးတွေဖတ်နေရင်း မထင်မှတ်ပဲ LGBT တွေရဲ့ရင်တွင်းစကားသံလေးကိုဖတ်ဖြစ်ခဲ့မိတယ် အဲ့တုန်းက LGBT ဆိုတာဘာမှန်းမသိခဲ့ရဘူး ဒီလိုနဲ့သူတို့ရေးထားတာလေးက.....
ကျွန်တော်တို့ LGBT တွေကသမိုင်းစဉ်တစ်လျောက်လုံးလူတွေရဲ့မုန်းခြင်းကိုခံခဲ့ရတယ် လူတွေကကျွန်တော်တို့ဆိုရင် ရွံရှာမုန်းတီးတဲ့အကြည့်နဲ့ကြည့်ခဲ့ကြတယ် အရင်ကဆိုရင် LGBT မှန်သမျှအသတ်ခံရတယ် လုံးဝအရှင်မထားဘူး အမြဲနှိမ့်ချခဲ့ကြတယ်.... ကျွန်တော်တို့တွေကိုလုံးဝလူရာမသွင်းခဲ့ကြဘူး ကျွန်တော်တို့လည်းလူပါပဲ ခံစားချက်ရှိတယ် အသွေးအသားနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုယ်ရှိတဲ့လူထဲကလူပါပဲ လိင်တူချင်းချစ်တဲ့အတွက်ကြောင့် မင်းတို့တွေသွေမဖယ်သင့်ပါဘူး ငါတို့ဟာ မဟုတ်တာလုပ်နေတဲ့လူရမ်းကားတွေလည်းမဟုတ် ရာဇဝတ်မှုတွေကိုကျူးလွန်နေတဲ့ သူတွေလည်းမဟုတ် ဘာလို့မင်းတို့ကမုန်းတီးရွံရှာနေကြတာလဲ အချစ်တစ်ခုအတွက်ကြောင့် ငါတို့ဟာ လူမဟုတ်တော့ဘူးလို့ မတွေးလိုက်ပါနဲ့ လောကကြီးက ယောကျာ်းနဲ့မိန်းမသာချစ်ရမယ်လို့ အမိန့်ထုတ်ထားတာလည်းမဟုတ် မင်းတို့ကတော့ သဘာဝတရားကိုလွန်ဆန်တယ်လို့ပြောကြမှပေါ့ တကယ်တော့မဟုတ်ပါဘူး အချစ်ဆိုတာမျက်စိမရှိပါဘူး လူတိုင်းကိုချစ်နိုင်တယ် လူတိုင်းကိုမေတ္တာရှိနိုင်တယ်..... အဲ့ဒါတွေကအမှားမဟုတ်ပါဘူး ငါတို့လည်းလူ့လောကမှာနေရာလေးတစ်ခုရချင်ပါတယ်... လူထဲကလူတွေလိုပဲအသက်ရှင်သန်မယ် ဘဝကိုကြိုးကြိုးစားစားနဲ့အကောင်းဆုံးဖြစ်အောင်လျောက်လှမ်းမယ် ဘယ်သူ့ကိုမှလည်းထိခိုက်စေချင်တဲ့ရည်ရွယ်ချက်မရှိဘူး ငါတို့ကိုလက်ခံပေးပါလို့တောင်းဆိုချင်ပါတယ်...... အဲ့ဒီ့စာလေးကိုကျွန်တော်ဖတ်မိတယ် နှစ်တွေကြာပြီဆိုတော့ အလုံးစုံကျွန်တော်မမှတ်မိခဲ့ဘူး ခုကျွန်တော်မှတ်မိသလောက်အစီအစဉ်တည့်အောင်ရေးလိုက်တာပါ.... ကျွန်တော်အဲ့စာလေးကိုဖတ်မိပြီးအရမ်းဝမ်းနည်းခဲ့တယ် သနားစရာပါလား ဘာလို့သူတို့ကအပစ်ပယ်ခံဖြစ်နေရတာလဲ ဘာလို့အဲ့လိုအနူးညွတ်တောင်းပန်ပြီးလက်ခံစေချင်တာလဲ ကျွန်တော်ရဲ့အားနည်းချက်ဖြစ်တဲ့ သနားတတ်မှုကကျွန်တော့်ကိုသိစေချင်မှုတွေပေးခဲ့တယ်....... အဲ့ဒါနဲ့ LGBT ဆိုတာဘာလဲဆိုတာကိုသိအောင်ရှာခဲ့တယ်
LGBT ဆိုတာ လူ့အဖွဲ့အစည်းတစ်ခုပါပဲ ဒါပေမယ့်ထူးခြားတယ်..... L ဆိုတာ Lesbian မိန်းကလေးအချင်းချင်းကြိုက်သူ..... G ဆိုတာ Gay ယောကျာ်းလေးအချင်းချင်းကြိုက်သူ..... B ဆိုတာ Bisexual ယောကျာ်းလေးရော မိန်းကလေးရောကြိုက်သူ.... T ဆိုတာ Transgender လိင်ပြောင်းထားသူ..... တခြားဆက်ပြီးရှိပါသေးတယ် ခုဟာကတော့ အဓိကကိုဖော်ပြထားတာပေါ့...... အဲ့လိုနဲ့ ငါသူတို့အတွက်ထောက်ခံအားပေးမယ်ဆိုပြီး ဆုံးဖြတ်ခဲ့တယ် ၇တန်းကနေစပြီး ကျွန်တော်နဲ့သိတဲ့ခင်တဲ့သူတွေကိုပြောပြလက်ခံလာအောင်ကြိုးစားတယ် တချို့ကြလက်ခံခဲ့ကြပြီးတော့တစ်ချို့ကတော့လက်မခံတဲ့အပြင်ကျွန်တော့ကိုရွံရှာမုန်းတီးခဲ့တယ်.... ကျွန်တော်လည်းနောက်မဆုတ်ပဲရှေ့ဆက်ခဲ့တာပေါ့..... ဒီလိုနဲ့ ၉တန်းရောက်တော့ ကျွန်တော့်အချစ်ဦးနဲ့ဆုံခဲ့တယ်..... သူကယောကျာ်းလေးပေါ့......ဒါနဲ့ကျွန်တော့်နာမည်ကို လရောင်လို့ပဲသိထားပေးပါ....