Zawgyi
Ring... Ring... Ring...
အဆက်မပြတ်မြည်နေတဲ့ Ph ကို မျက်စိရှေ့က ရေပြင်ကျယ်ဆီ ပစ်ချလိုက်တယ် လိုမှ မလိုအပ်တော့ဘဲလေ...
လေပြေတွေက ကိုယ့်ခန္ဓာကို တိုးဝေးတော့ ကိုယ့်ဆံနွယ်တွေ လွင့်နေတာ ကိုယ့်အပေါ်ထပ်အင်္ကျီ လွင့်နေတာ ကိုယ်ခံစားလို့ ရနေတယ်...
မုန်တိုင်းရှိနေတယ်လို့ ကြေညာထားချက်က ဒီနေရာကို လူအသွားအလာမရှိစေဘဲ ကိုယ့်ဆုံးဖြတ်ချက်ကို တားမြစ်မဲ့လူမရှိအောင် ကူညီတယ်
ကောင်းကင်ကို မော့ကြည့်မိတော့ တိမ်တိုက်တွေစုဝေးနေကြတယ် လျှပ်စီးလတ်နေတာလည်း အဆက်မပြတ်...
ကိုယ့်စိတ်ထဲ တောင်စဉ်ရေမရတဲ့ အတွေးတို့နဲ့အတူ ပြန်စဉ်းစားခဲ့မိသည်က...
လွန်ခဲ့သော ၃နာရီ ခန့်...
"မောင် ငါတို့လမ်းခွဲကြမယ်"
"ဘာ"
"ဟုတ်တယ် မောင် ငါတို့လမ်းခွဲမယ် ငါတို့အဆက်အသွယ်လုပ်တာတွေ ရပ်မယ် ပြီးတော့ ငါ မောင့်ကို မေ့မယ်"
"ဘာ ဘာလို့လဲ သဲငယ်ရယ် မောင် တောင်းပန်နေခဲ့တယ်လေ မောင်... မောင် တကယ်နောင်တရနေပြီလေ မောင်နောက်တစ်ခါမလုပ်ဘူးလေနော် မောင်တောင်းပန်"
"တော်ပြီမောင် ငါအများကြီး ခွင့်လွှတ်ပြီးပြီ ငါအများကြီးပေးဆပ်ပြီးပြီ မောင်သိပါတယ် ငါမောင့်ကို ဘယ်လောက်ထိချစ်လဲဆိုတာ ငါမောင်နဲ့ချစ်ရဖို့ မိသားစုနဲ့ပတ်ဝန်းကျင်ကို ဘယ်လိုတွေ ဆန့်ကျင်ခဲ့ရလဲဆိုတာ ဒါပေမဲ့ မောင်ငါ့အပေါ် ဘယ်လိုပြန်တုန့်ပြန်လဲ? ဟင်! ငါဘာတွေ ပြန်ရခဲ့လဲ"
"မဟုတ်ဘူး မဟုတ်ဘူးသဲငယ်... သဲငယ်သိပါတယ် မောင်က သဲငယ်ကိုဘဲ ချစ်တာလေ သူတို့တွေကိုက ခဏတာဘဲ စိတ်ကစားတာပါ မောင့်ရင်ထဲမှာရှိတာ သဲငယ်တစ်ယောက်ထဲပါဗျာ နော်"
"ဟား...! ငါ့ကိုချစ်တယ်ပေါ့"
"ဟုတ်တယ် မောင် သဲငယ်ကို သိပ်ချစ်တယ်"
"အဟက်! မောင် မင်းက ငါ့ကို ချစ်တယ်ပြောတယ် လိုင်းပေါ်မှာ မိန်းမတစ်ယောက်ကို My Love ဆိုပြီး Cover တင်ထားတယ် ငါဘယ်လိုဖြေသိမ့်ရမလဲမောင် ဟမ်! ငါဘယ်လိုစိတ်မျိုးနဲ့ မင်းကို ခွင့်လွှတ်ရမလဲ ဟမ်! ဖြေလေ"

YOU ARE READING
Esthesia One Shot Collection (Part-3)
RandomBl, Yaoi, Short Fictions, Both Unicode and Zawgyi