ZG version
နေ့စဉ်ပုံမှန်ဖြတ်သန်းနေကြ မနက်ခင်းက
ဒီနေ့ကတော့ တမူထူးပြီး လှနေတယ်။
ဘာလို့ဆို ကျွန်တော်တို့ဘဝထဲ
သားလေးရောက်လာခဲ့တယ်လေ။မနေ့က ရေချိုးပြီး ပေးဝတ်စရာအင်္ကျီမရှိတော့
ကျွန်တော့်T-shirt ပေးဝတ်လိုက်ရတယ်။
အင်္ကျီက လက်တိုဆိုပေမယ့် သားရဲ့ အရပ်နဲ့ကျ
လက်ရှည်လိုဖြစ်နေပြီး ဂါဝန်ကြီးလို အရှည်ကြီးနဲ့
တစ်မျိုးလေး ချစ်စရာကောင်းနေတယ်။"ကဲ မိန်းမရေ ကို အိမ်တော်ဘက်ဆီသွားတော့မယ်
ကျောင်းပို့ချိန်လည်း နီးနေပြီ
အပြန်ကြ သားလေးအတွက် အင်္ကျီဝယ်ခဲ့မယ်""ကောင်းကောင်းပြန်ခဲ့ပါအကို"
"သားရေ ဖေဖေ သားအတွက် အင်္ကျီလှလှလေးတွေ
ဝယ်ခဲ့ပေးမယ်နော်""ဟုတ်"
"ဪ သားလေး ဟိုဘက်က အိမ်တော်ဘက်ကို
သွားမဆော့ရဘူးနော် ကြားလား
မိန်းမ ကိုစိတ်ချမယ်နော်""စိတ်ချပါရှင်"
မိန်းမကို သေချာပြောထားပေမယ့် ကလေးဆိုတော့
လျှောက်ဆော့ရင်း မတော်လို့သွားမိမှာစိုးတယ်။
Kim အိမ်တော်ဆိုတာက အမှားလည်းမခံသလို
စည်းကမ်းလည်းကြီးတယ်။"မင်္ဂလာပါ သခင်ကြီး"
"Jungmin တောင် ရောက်နေပြီလား
သားနဲ့သမီးတောင် ဆင်းမလာသေးဘူး""ဟုတ်ကဲ့ ကျွန်တော်စောင့်လိုက်ပါ့မယ်"
ခဏအကြာ ရောက်လာမှ ကားတံခါးဖွင့်ပေးပြီး
ကျောင်းသို့ထွက်လာခဲ့တယ်။"ဦးလေးကြီး မနေ့ကဦးလေးကြီး
ကလေးတစ်ယောက် မွေးစားလိုက်တယ်ဆို""ဟုတ်ပါတယ် သခင်မလေး"
သခင်မလေးက နှုတ်သွက်သလို မျက်နှာလည်းချိုတယ်။
ဘယ်သူနဲ့မဆို စကားပြောပြေပြစ်ပြီး ဖောရွေတယ်။
သခင်လေးကတော့ အဲ့လိုမဟုတ်။
သူ့ဟာသူ အေးဆေးနေတတ်ပြီး စကားလည်းနည်းသည်။
ခုလည်း ကားပေါ် မျက်လုံးမှိတ်ပြီးလိုက်လာသည်။"ယောက်ျားလေးဆို သူ့နာမည်ဘယ်လိုခေါ်လဲ"
"ဟုတ်ကဲ့ ယောက်ျားလေးပါ
နာမည်ကတော့ သားလေးကို
Jungkook လို့ ပေးထားပါတယ်"