Wtf!!!
အဆော့လွန်ပြီး ပြုတ်ကျသတဲ့လား....
သခင်ရဲ့မျက်နှာကငိုမဲ့မဲ့နဲ့မို့ သခင်ဘာများဖြစ်သလဲလို့စဉ်စားမိသည်
သို့သော်လဲ ကြာကန်ပြုတ်ကျကာ ခေါင်းထိသွားလို့ဟုသာသူထင်မိသည်။
ထိုအချိန်ဝေ့ရင်းခေါင်းထဲ သို့ လူတစ်ယောက်အသံကဝင်လာသည်
ထို့နောက်ဝေ့ရင်းသတိမေ့သွားသည်
အခုတင်သတိရကာ ရုတ်တရက်ကြီးသတိပြန်မေ့သွားသော ဝေ့ရင်းကြောင့်ဝမ်နင်းထိတ်လန့်တကြား
သမားတော်ပြေးခေါ်ရပြန်သည်။အိမ်မက်ထဲတွင်တော့သူနှင့်ချွတ်စွတ်တူသော ယောက်ျားပျိုတစ်ယောက်ကသူ့ကိုပြုံးကာကြည့်နေသည်။
"ကြင်ယာတော်ဝေ့ရင်း..."
"ရှောင်ကျန့်"
ထိုသူကသူ့နာမည်သိနေသည်။
"မလန့်ပါနဲ့ မင်းကိုငါဒီကိုခေါ်လိုက်တာ..
မင်းက ငါနောင်နှစ်၃၀၀နေရင်ဝင်စားရမဲ့သူပဲ
မင်းကငါ ငါကမင်းပဲ"ရှောင်ကျန့်ကြောင်သွားသည်။
"ငါမင်းကို ဘာလို့ခေါ်လိုက်တာလဲသိလား"
ရှောင်ကျန့်ခေါင်းယမ်းပြသည်။
"မင်းသိချင်လားငါ့ဘဝကို..ပြီးတော့မင်းရဲ့ဟိုဘက်ခေတ်က ခန္ဓာကိုယ်ကို"
ရှောင်ကျန့်ခေါင်းငြိမ့်ပြမိပြန်သည်။
ထို့နောက်သူ့ရှေ့တွင်ပရိုဂျက်တာနဲ့ ရုပ်ရှင်ပြကွက်တွေလို ထင်ဟပ်လာသည်။
ဝေ့ရင်းဟာ ကျန်းအိမ်တော်ရဲ့ မွေးစားသားဒုတိယသခင်လေး သူမှာ အမတစ်ယောက်နဲ့ ညီတစ်ယောက်ရှိတယ်
သူကမွေးစားသားပေမဲ့ အမ ကျန်းယန်လီနဲ့ ညီကျန်းချန်က အရမ်းချစ်သည်။ သူ့ရဲ့မွေးစားအမေနဲ့အဖေကလဲ ချစ်ကြတယ်။ သူဟာ မြင်းစီး မြှားပစ် အကုန်ကျွမ်းသည်။ မိန်းကလေးလဲပွေရှုပ်သည်ဟု နာမည်ကြီးသည်။
VOCÊ ESTÁ LENDO
Why not me?(zawgyi+unicode)(complete:)
Fanficပုံပြင်တစ်ပုဒ်ရဲ့အစက ဟိုးရှေးရှေးတုန်းကလို့စကြပေမဲ့ မင်းနဲ့ငါရဲ့ ပုံပြင်မဟုတ်တဲ့ဇာတ်လမ်းတစ်ခုက ဟိုတစ်ခါတုန်းကလို့စကြမယ်.. ...... ဝေ့ရင်း.... လန်ကျန့်ကို ချစ်လို့ရေးသည် ရှောင်းကျန့် ဝမ်ရီပေါ်ကို ချစ်လို့ရေးသည်။ .......