Chapter 18 [ Final part 2]

2.4K 200 13
                                    

"Kokonoe sama နာ....နာနေပြီ"

"........."

ခန်းမဆောင်ကနေ အထွက် လျှောက်လမ်းမတလျှောက် အတင်းဆွဲခေါ်လာသည့်နောက်ကို တရွတ်ဆွဲပါလာရသည့် ကျွန်တော့်လက်ကောက်ဝတ်တွေ နာကျင်နေပြီဖြစ်သည်!

ကျွန်တော့်အသံထွက်လာမှ Kokonoe sama ရဲ့ ခြေလှမ်းကျဲတွေ တုန့်ခနဲ ရပ်တန့်သွားတယ်! သူ ခပ်ကြမ်းကြမ်းဆုတ်ကိုင်ထားခဲ့တဲ့ ကျွန်တော့်လက်ကောက်ဝတ်ကို တစ်ချက်ငဲ့ကြည့်ပြီး အသာလွှတ်ပေးလေသည်!

နာကျင်နေဆဲ လက်ကောက်ဝတ်ကို အသာဖိဆုတ်ရင်း စကားသံတို့တိတ်နေတော့ Kokonoe sama က ကျွန်တော့်ကို လှည့်ကြည့်တယ်! သူ့အားနဲ့ ဖိဆုတ်ခဲ့တဲ့ ကျွန်တော့်လက်ကောက်ဝတ်က နီရဲနေတော့ သူအနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားပုံပဲ!

ကျွန်တော်လည်း Kokonoe sama ကို အသာမော့ကြည့်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်မိသည်!

"Hump 😤"

ကျွန်တော်ကြိုးစားချင်တာကို အသိအမှတ်မပြုတဲ့ သူ့ကို ကျွန်တော် စိတ်ဆိုးနေတုန်းပဲ!

"Ho~"

ကျွန်တော့် မျက်နှာအမူအရာကို မြင်တော့ Kokonoe sama က တချက်မဲ့လိုက်တယ်!

"တော်တော် အလုပ်ကြိုးစားချင်နေတယ် ဟုတ်လား?"

"အလုပ်ကြိုးစားချင်တယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ! Kokonoe sama နားမှာ နေနိုင်ဖို့ ကြိုးစားမိတာပဲကို"

"မင်းကြိုးစားဖို့မလိုပါဘူး ! ဒီကိစ္စတွေကို ငါဖြေရှင်းနိုင်ပါတယ်"

"ဟုတ်ပါတယ် Kokonoe sama ဖြေရှင်းနိုင်ပါတယ်! ဒါပေမယ့် ကျွန်တော်လည်း ကျွန်တော်ချစ်တဲ့ သူနဲ့ အတူနေနိုင်ဖို့ ကိုယ်တိုင် ကြိုးစားချင်သေးတာပဲ!!!!!!! Kokonoe sama က အဲ့သလိုပဲ အမြဲကျွန်တော့် ခံစားချက်ကို မစဉ်းစားပေးဘူး !!!!!!!!"

ကျွန်တော် အော်ဟစ်လိုက်မိတော့ Kokonoe sama တချက်တွေသွားတယ်! "ကျွန်တော်ချစ်တဲ့သူ" လို့ သုံးနှုန်းလိုက်တဲ့ အသုံးအနှုန်းကိုလည်း အနည်းငယ် ကျေနပ်သွားသယောင်ပဲ! Kokonoe sama မျက်ဝန်းတွေ ပြုံးယောင်ယောင်ဖြစ်သွားသည်!

ဒါပေမယ့် ချက်ချင်းပဲ ပြန်တည်လိုက်တယ်!

"ဒါနဲ့ပဲ မင်းက....."

Unbreakable ( Unicode Version )Where stories live. Discover now