"ဘာအရှင်က ဟိုကောင်ဆီသွားပြန်ပြီလား"
မိဖုရားခေါင်ရှင်းရှင်းသောင်းကျန်းနေခြင်းပင်
သူမအနားက အစေခံပြောပြချက်အရ
အရှင်ဟာ အခုမနက်ထကထဲကထူးဆန်းနေသည်တဲ့သူဟာ ဝေ့ရင်းအဆောင်တော်ကိုသွားသည်
ပြီးတော့ ဝေ့ရင်းကို နူးညံ့သိမ်မွေ့စွာဆက်ဆံသည်
ဒါတင်မဟုတ် အိမ်ပြန်မယ်ဆိုပြီးတောင် ခွင့်တောင်းတဲသူကိုတော်ဝင်သမားတော်ထည့်ပေးလိုက်သေးသတဲ့လား....
"ဟမ့် ဝေ့ရင်း နင်တော်တော်မာယာများတဲ့မြေခွေးလိုကောင် နင်အိမ်ပြန်တာ ဘယ်တော့မှပြန်မလာစေရဘူး"
ထို့နောက်သူမ သူ့အနားက အစေခံနားနားကပ်ခါ တိုးတိုးလေးပြောလိုက်သည်
အစေခံကမျက်လုံးပြူးသွားပေမဲ့ ခေါင်းညိတ်ကာ ထွက်သွားခဲ့သည်။
"ဟမ့်!!!!ဝေ့ရင်း နင်ဘယ်လောက် အသက်ပြင်းသလဲငါကြည့်အုံးမယ်"
နောက်နေ့မနက်မှာတော့ မိဖုရားခေါင်မူးလဲသည်ဟုဆိုကာ တော်ဝင်သမားတော် မိဖုရားထံအခစားဝင်ရသည်။
ထို့နောက် မိဖုရားခေါင်မှာ ကိုယ်ဝန်ရှိနေသည်ဟု စတင်းပျံ့လာခဲ့သည်။
လန်ဝမ်ကျီလဲ ရှင်းရှင်းထံသွားနေသည်။
ဝေ့ရင်း ဝေါယာဉ်ပေါ်တက်ကာသူနေထိုင်ရာနန်းဆောင်ဆီ တစ်ချက်ကြည့်လိုက်သည်။
သူတော်ဝင်သမားတော်ကိုစောင့်နေသော်လဲ မိဖုရားခေါင်မူးလဲလို့မလာနိုင် ။ထို့နောက် လန်ကျန့်ကလဲ မိဖုရားခေါင်ထံမှာ။
လိုက်ပို့သူမရှိတဲ့ အထီးကျန်နန်းဆောင်လေး
အထီးကျန်လူသားလေး
ပြီးတော့ အိမ်ပြန်လက်ဆောင်အတွက်သတင်းဆိုး
မိဖုရားခေါင်မှာ ကိုယ်ဝန်ရှိနေပြီတဲ့လေ။
YOU ARE READING
Why not me?(zawgyi+unicode)(complete:)
Fanfictionပုံပြင်တစ်ပုဒ်ရဲ့အစက ဟိုးရှေးရှေးတုန်းကလို့စကြပေမဲ့ မင်းနဲ့ငါရဲ့ ပုံပြင်မဟုတ်တဲ့ဇာတ်လမ်းတစ်ခုက ဟိုတစ်ခါတုန်းကလို့စကြမယ်.. ...... ဝေ့ရင်း.... လန်ကျန့်ကို ချစ်လို့ရေးသည် ရှောင်းကျန့် ဝမ်ရီပေါ်ကို ချစ်လို့ရေးသည်။ .......