ဇာတ်သိမ်းပိုင်း ♥

15.9K 992 34
                                    

*အနာဂတ်ကတော့
နောင်တတွေ အကြောင်းပဲ
ဖြစ်နေမှာတော့ မဟုတ်သလို
နောက်ဆုံးမှာတော့ အချစ်က
ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး *

မီးဖိုချောင်ထဲမှာ ရှောင်းကျန့် တစ်ယောက် အလုပ်ရှုပ်နေပေမယ့် ရိပေါ်ကတော့ အိပ်လို့ ကောင်းတုန်းပင် ။
ကျွန်တော် နက်ဖြန် company သွားမှာ မဟုတ်ဘူးလို့ ညက ကြိုပြောထားကတည်းက သူလဲ ပေးနားထားလိုက်တယ်။ ဒီကောင်လေး အိပ်ချိန်ပျက်နေတယ် ဆိုတာ သေချာလေသည်။ နေ့လည် ရောက်တော့ပေမယ့် မထသေးတာမို့ ရှောင်းကျန့် နှိုးရပေတော့မည်။

" ဝမ်ရိပေါ် ထတော့ "

ရှောင်းကျန့် ရဲ့အောင်မြင်လှတဲ့ အသံနဲ့ မီးဖိုချောင်ကနေ အိပ်ခန်းထိ ကြားအောင် လှမ်းအော်လေသည် ။

" ဝမ်ရိပေါ်ရေ နေ့လည်ရောက်နေပြီ စားဖို့သောက်ဖို့ ထပါအုံးဟ "

"...."

ဒီလောက် အသံနဲ့ အော်နှိုးနေတာတောင် ကိုယ်တော်က မလှုပ်ဘူး ထင်တယ်။ ရှောင်းကျန့် နောက်ဆုံး တစ်ခေါက် ထပ်အော်လေတော့သည်။

" ဝမ်ရိပေါ် ငါစိတ်မဆိုးချင်ဘူးနော် "

" ထပြီ ထပြီ "

ရိပေါ် နိုးသည်နှင့် ကိုကိုရှိတဲ့ မီးဖိုချောင်သို့သာ တန်းဝင်လာလိုက်တယ်။

" ကိုကို ဘာချက်နေတာလဲ "

ရိပေါ် ရှောင်းကျန့် ခါးနောက်ကနေ ဖက်ပြီး ပခုံးပေါ် မေးတင်ထားသည်။ ပြီးတော် လည်ပင်းကို တစ်ချက်နမ်းလိုက် ပါးကို နမ်းလိုက်နှင့် လက်ကလဲ အငြိမ်မနေပေ။

" နာတယ် ခွေးကောင်လေး "

" ကျွန်တော် နမ်းတာ ဖြေးဖြေးလေးပါ "

" မင်းဟာက နမ်းတာ မဟုတ်ဘဲ ကိုက်နေတာလေ... လွှတ် ရိပေါ် မျက်နှာသစ်ပြီပြီ လား "

" မသစ်ရသေးဘူး "

" မသစ်ရသေးဘဲ ငါ့လာနမ်းစရာလား... သွား အခုသွားသစ် "

" ဘာလဲ ကိုကိုက တွန့်တိုတာလား "

ရိပေါ် ပြောပြီး နှုတ်ခမ်းကြီးကို ဆူထားလေသည်။ ရှောင်းကျန့် ရိပေါ်ဘက် လှည့်ကြည့်တော့

L O V E  [YIZHAN]Où les histoires vivent. Découvrez maintenant