[ Unicode ]
"oh.... sh*ttt!!!"
မမြင်ချင်တဲ့လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်ကြောင့် တက်ကြွနေသည့်ခြေလှမ်းတို့ကို အလျင်အမြန်ရပ်လိုက်ရပြီး နီးစပ်ရာ အခန်းထဲပြေးဝင်လိုက်ရလေသည်။ နောက်တော့ အခန်းထဲကနေ အသာလေးပြန်ချောင်းကြည့်မိသည်။ ထိုလူကတော့ လမ်းတစ်လျှောက်တွေ့သမျှလူတွေကို အပြုံးတစ်ပွင့်ဖြင့်နှုတ်ဆက်ရင်း လျှောက်လာနေသည်။
"ဟေ့! ဟိုကောင်လေး... မင်းအပေါက်ဝမှာ ဘာလုပ်နေတာလဲ
အတန်းထဲဝင်ရင်လည်းဝင်! မဟုတ်ရင်လည်း ထွက်!"အနောက်ဘက်ဆီမှကြားလိုက်ရသော အသံကြောင့် Baekhyunသက်ပြင်းချလိုက်မိသည်။ အခုချိန် ဒီအခန်းထဲကထွက်သွားလျှင် ဦးလေးဖြစ်သူ၊ တနည်း သူများတွေအပေါ်ချိုသာသလောက် မိမိအပေါ်တွင်အပေါက်ဆိုးတတ်သောဆရာနှင့် ထိပ်တိုက်တွေ့မည်ဖြစ်သည်။ တနေ့ကမှ ဆေးလိပ်ခိုးသောက်တာ မိသွား၍ ဆူခံထားရတာ...။ အခုထပ်တွေ့လျှင် ထပ်အဆူခံရဦးမှာကြိမ်းသေသည်။ နှစ်ခါမတွေးပဲ အပေါက်ဝနားက နီးစပ်ရာ ခုံတွင်သာ Baekhyunဝင်ထိုင်လိုက်တော့သည်။
"ဒါဆိုရင် ကိုယ်တို့ ဒီနေ့သစ်ရွက်ကလေးအကြောင်းအစပြုကြမယ်"
Baekhyunအခန်းတွင်းသို့ ဝေ့ကြည့်မိတော့ Jungwooတက်သည့် ပန်းချီမေဂျာခန်းဖြစ်သည်ကို သိလိုက်ရသည်။ သို့သော်လည်း သူငယ်ချင်းဖြစ်သူJungwooကတော့ အခန်းတွင်းရှိမနေပါ။
"ကိုယ်တို့ ငယ်ငယ်က သစ်ရွက်ကိုဘယ်လိုဆွဲခဲ့ကြသလဲ...
ခပ်ဝိုင်းဝိုင်းအခုံးလေးကနေ အဆုံးသတ်မှာ ပြေပြေပြစ်ပြစ်အချွန်လေးနဲ့အဆုံးသတ်ခဲ့ကြတယ်မဟုတ်လား"ရှေ့က သင်ခန်းစာတစ်ခုကိုအစပြုနေသောဆရာဖြစ်သူထံ Baekhyunကြည့်လိုက်မိတော့ မျက်ခုံးတို့ပင့်တက်ကုန်ရသည်။ ဒါက ကျောင်းသားလား၊ ဆရာလား။
"ဒီနေ့မှာတော့ ကိုယ်က Hawthornလို့ အမည်ရှိတဲ့ သစ်ရွက်ပုံလေးကို ဆွဲပြချင်တယ်"
ဆရာက သူ့ရှေ့ခုံပေါ်တင်ထားတဲ့ ပန်းချီကားချပ်အလွတ်လေးမှာ "Hawthorn"ဆိုတဲ့နာမည်လေးကို ခပ်ဆောင်းဆောင်းခေါင်းစဉ်တပ်လိုက်သည်ကို... projectorမှတဆင့်မြင်နေရသည်။
ESTÁS LEYENDO
Hawthorn // ChanBaek - one short //
Romance[ Unicode ] "Hawthornလေးတွေရဲ့ အဓိပ္ပာယ်က ချစ်ခြင်း၊ ကာကွယ်ပေးခြင်းတဲ့~" • Hawthorn // ChanBaek - one short// [ Zawgyi ] "Hawthornလေးတွေရဲ့ အဓိပ္ပာယ်က ချစ်ခြင်း၊ ကာကွယ်ပေးခြင်းတဲ့~" • Hawthorn // ChanBaek - one short//