""""""""""မှုန်ကုပ်ကုပ်နဲ့ထိုင်နေတဲ့ အကောင်ပေါက်
နှစ်ကောင်ကိုကြည့်ပြီး သူတို့နှစ်ယောက်မှာသက်ပြင်း
တချချ.....အခန်းချင်းကပ်နေနေရတာတောင်
အတူမနေရလို့ စိတ်ကောက်ကြသည်
ဆိုလေတော့..."အရင်အိမ်မှာပဲ ပြန်နေတော့မယ်...''
Krist ရဲ့လက်ဖဝါးကိုတင်းတင်း
ဆုပ်ရင်း ပြောတဲ့ Gun ကို
Sing မျက်စောင်းထိုးလိုက်တယ်...အခုသူနဲ့ Phi Off ရဲ့ပုံစံက
မလိမ်မာလို့ ခိုးပြေးတဲ့ သားသမီးတွေကို
ပြန်ခွဲဖို့ကြိုးစားနေရသလိုပဲ...Gun ဟာGun ပြန်ချင်ပြန်ပေါ့..
Krist ကိုဘာလို့ အဖော်ခေါ်ရတာလဲ..."ကျွန်တော်ရောပဲ....ကျွန်တော်လည်း
Gun နဲ့ပဲအတူပြန်နေတော့မယ်.....''Gun ကပြန်နေမယ်ဆိုမှတော့ သူလည်း
ကျန်မနေခဲ့ချင်ဘူးလေ...
ပြီးတော့.....
ချစ်သူတွေလည်းမဟုတ်နဲ့..
အတွဲတွေလို့အမည်တပ်လိုက်ပြီး
Phi နဲ့အတူနေဖို့က.....သေချာစဉ်းစားကြည့်လေ မဖြစ်နိုင်လေ
Off က Sing ကို အံကြိတ်ပြီးကြည့်တယ်...
မင်းကောင်ကိုမင်းနိုင်အောင်ထိန်းဆိုတဲ့
အကြည့်မျိုးနဲ့ပေါ့...."မင်းတို့ နေခဲ့ဦး....Phi Off ကျွန်တော်နဲ့
စကားခဏပြောရအောင်...''ကျောက်ချထားသလို မလှုပ်မရှားထိုင်နေ
တဲ့ နှစ်ယောက်ကို ခဏထားခဲ့ပြီး
Phi Off ရဲ့အခန်းဘက်ကူးခဲ့လိုက်တယ်..မိုးလင်းကာရှိသေး အခန်းတံခါးလာခေါက်
ပြီး ရောက်လာတဲ့ Gun ကြောင့်
အိပ်ရေးပင်မဝလိုက်...Gustroomမှာအိပ်တဲ့ Krist ကို
ပြေးနိုးရပြီးထဲက ဆိုဖာမှာမှုန်ကုပ်ပြီး
ထိုင်နေကြတော့တာ...."ဘယ်လိုလုပ်ကြမလဲ....''
လည်ပင်းကုတ်ရင်းမေးလာတဲ့ Phi Off
ကိုခပ်စူးစူးပဲကြည့်ပေးလိုက်တယ်..."ဘာလဲ....ငါဘာမှမလုပ်ခဲ့ဘူး.... သူ့ဟာသူတစ်ခန်းသပ်သပ်အိပ်တာ...''
"ဒါဆို ဘာလို့မနက်အစောကြီး ထပြေး
လာရတာလဲ....Phi တစ်ခုခုခြောက်လိုက်
လို့မဟုတ်လား....''
ESTÁS LEYENDO
Rebirth for Love
FanficRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...