Zawgyi
မိုးတိမ်တွေရစ်ဆိုင်းတဲ့နေ့။
"ဒီနေ့တော့မိုးရွာမယ်ထင်တယ်"
ဂျွန်မြောင်တို့ဘန်ဂလိုရှေ့ ခုံခင်းပြီး ညှို့မှိုင်းမှိုင်းရာသီဥတုကို အတူခံစားနေရင်းမှ ဆယ်ဟွန်းကပြောလာသည်။
"မိုးအေးအေးလေးနဲ့သောက်လို့အကောင်းဆုံးပဲ"
ရီရှင်းက သူတာဝန်ယူမယ်ပြောတဲ့အတိုင်း ဘတ်ဟျွန်းနဲ့အမူးတိုက်ဖို့ရာ အကြောင်းဖန်လေရဲ့။
သို့တိုင် ချန်ယောလ်ကိုပဲပြုံးကြည့်နေတဲ့ဘတ်ဟျွန်းက သူတို့ကိုအရေးလုပ်မလာခဲ့ဘူး။
"အွန် ကိုကိုတို့သောက်ရင် ချန်တို့လဲသောက်မှာ"
နှုတ်ခမ်းတဆူဆူနဲ့ လင်းပိုင်လေးကို ဘတ်ဟျွန်းက အသည်းတယားကြည့်ရင်းမှ မနေနိုင်ဟန် ဆံပင်တွေကိုကောက်ဖွသည်။
"အာ ကိုကိုနော်!"
အချစ်ငှက်နှစ်ကောင်ကို မသိဟန်ဆောင်ထားတဲ့ ရီရှင်းကတော့ ယူလာတဲ့အိတ်ထဲက ပုလင်းတွေကိုထုတ်လေရဲ့။
"အင်း! ဂိမ်းဆော့ရင်းသောက်မလား"
ထူးထူးဆန်းဆန်း ရီရှင်းဉီးဆောင်တဲ့ ကစားပွဲက ခါတိုင်းဆော့နေကြလို ပေါ့ပေါ့ပါးပါးမဟုတ်ပဲ နဲနဲလူကြီးပိုင်းဆန်နေတာမို့ ကလေးတသိုက်ကပျင်းလာလေသည်။
"ဒီလိုမဟုတ်ပဲ ဆန့်ကျင်ဘက်ဂိမ်းဆော့မလား ဟင် ဟင်"
ဆော့နေဆဲဂိမ်းကြီးကို နားမလည်တာတကြောင်း ပျင်းတာတကြောင်းမို့ ချန်ယောလ်က တခြားဂိမ်းကိုဉီးတည်တယ်။
သူ့ဂိမ်းကရိုးရိုးရှင်းရှင်းပဲ လက်ငါးချောင်ထောင်ပြီး ဆော့ရတဲ့ဂိမ်း။နံပါတ် အချက်တွေနဲ့ ရှင်းပြရရင် -
နံပါတ်၁ - လက်ငါးချောင်းလုံးထောင်ထားရမယ်
နံပါတ်၂ - ဂိမ်းထဲကတစ်ယောက်ယောက်ရဲ့ အပြုအမူဟန်ပန်ကိုဖော်ပြတဲ့စကားက ကိုယ်နဲ့ကိုက်ညီနေတာဆိုရင် လက်တစ်ချောင်းချိုးပါ
နံပါတ်၃ - လက်ချောင်းငါးချောင်းလုံးချိုးပြီးတဲ့အချိန်မှာတော့ ပြိုင်ပွဲဝင်ကစားသမားက ကစားပွဲကထွက်ရပါပီ
YOU ARE READING
Big Boss And His Mochi [ COMPLETE ]
أدب الهواةBoss will always protect his adorable Mochi!!