အပိုင်း ( ၃၃ )

895 76 6
                                    

[ Zawgyi ]
----------------

" Congratulations ပါ မမနန်း … မမဒီနေ့အရမ်းလှတာပဲ သိလား "

" Thank you နော်ပယင်း … ဒီပွဲလေးကိုလာပေးလို့ "

" လာရမှာပေါ့ မမရယ် … မမနန်းရဲ့မင်္ဂလာပွဲပဲဥစ္စာ "

ရွှန်းလဲ့ရဲ့တစ်ဦးတည်းသောအမဝမ်းကွဲဖြစ်သူ မမနန်းရွှေရည်ကမင်္ဂလာဆောင်သွားလေပြီဖြစ်ရာ ယခုညနေပိုင်း ည စာစားပွဲတွင် အသိမိတ်ဆွေဧည့်သည်တစ်ချို့ကိုဖိတ်ပြီး ခြံဝန်းထဲမှာပဲပွဲလေးတစ်ခုလုပ်ခြင်းဖြစ်သည် ။ ရွှန်းလဲ့အမေရဲ့အစ်မက မမနန်းကိုမွေးခဲ့ခြင်းဖြစ်ရာ မမနန်းရဲ့ခင်ပွန်းကအနည်းငယ်ချမ်းသာသည့်အသိုင်းဝိုင်းထဲကဖြစ်၍ ယခုလိုညစာစားပွဲကို သီးသန့်ပွဲတစ်ပွဲအဖြစ်ကျင်းပတာဖြစ်၏ ။

ရွှန်းလဲ့ရဲ့သူငယ်ချင်းတွေဖြစ်တဲ့ သူမနဲ့နဒီကို မမနန်းကအရမ်းခင်သလို သူမတို့ကလည်း အစ်မရင်းသဖွယ်သံယောဇဉ်ရှိ၍ ယခုပွဲလေးသို့လာရောက်ဂုဏ်ပြုခြင်းသာ ။

ချစ်ရသူရဲ့လက်ကိုခိုတွဲရင်း ကမ္ဘာပေါ်မှာအပျော်ရွှင်ဆုံးမိန်းမသားတစ်ဦးအဖြစ်နဲ့မမနန်းရဲ့အပြုံးတွေဟာ တောက်ပနေတော့သည် ။ သူမနဲ့နဒီပင် အားကျရသည့်အထိ မမနန်းရဲ့ခင်ပွန်းလောင်းဟာ မမနန်းအပေါ်ဂရုတစိုက်ကြင်နာပြသည်များကိုလည်းမြင်နေရပါသည် ။ ရုတ်တရက်ဆိုသလို ရန်နောင့်ရဲ့ခန့် ညားတဲ့အပြုံးမျက်နှာကိုမြင်ယောင်မိတော့ ကိုယ့်အတွေးကိုယ်ရှက်ရွံ့သွားရသေးသည် ။

သူမ တော်တော်စိတ်ကူးယဉ်နေမိပါကောလား … ။

" ပယင်း … ဟိုမှာကြည့်စမ်း "

" ဘာတုန်း ? "

နဒီက သူမကိုတံတောင်နဲ့ထိုး၍ နဒီ့ကိုလှမ်းကြည့်တော့ နဒီကသူမကိုမေးငေါ့ပြသည် ။ နဒီပြရာဘက်သို့ကြည့်လိုက်တော့ မမနန်းရဲ့ခင်ပွန်းလောင်းနဲ့စကားပြောနေသော ယောကျာ်းလေးအုပ်စု ။ သူငယ်ချင်းအသိမိတ်ဆွေတွေဖြစ်မည့်ပုံပေါ်ပါသည် ။

" အဲ့ဒါဘာဖြစ်လဲ ? "

" အဲ့ထဲက shirt အနီရောင်လေးဝတ်ထားတဲ့အစ်ကိုကြီး မချောဘူးလား ဟီး ? "

" အံမယ် မိန်းမ !  ဒါမျိုးကျတော့မျက်လုံးကလျင်တယ်နော် … ငါနင့်ကိုအံ့သြတယ်သိလား … နင် တကယ်အသည်းကွဲနေတာကောဟုတ်ရဲ့လားဟယ် ? "

ချစ်သော Rainbow ( Complete ) ချစ်သော Rainbow  [ ZG & Uni ]Where stories live. Discover now