"""""""""""""""""""
"Krist.....ကိုယ်နဲ့နေရတာ အဆင်မပြေ
ဖြစ်နေလို့လား...''"အဲ့ဒါက......''
ဟုတ်တယ်....
သူအဆင်မပြေဘူး...."ကိုယ် Krist ကိုအနေခက်အောင်လုပ်မိ
နေလား....''အနေရခက်သလိုဖြစ်နေတဲ့ ပုံမို့ သူ
သေချာမေးမိတယ်..."တကယ်က.....ကျွန်တော် Phi နဲ့အတူ
နေဖို့က အဆင်မပြေဘူး...အဲ့ဒါက Phi
ကြောင့်မို့မဟုတ်ပါဘူး....
ကျွန်တော့စိတ်က အဆင်မပြေ ဖြစ်နေတာ....''"ဘာကိုအဆင်မပြေဖြစ်တာလဲ...ကိုယ့်ကို
ပြော...''"ကျွန်တော်မပြောတတ်ဘူး... အဲ့ဒါက
ဒီအတိုင်းပဲ....ခဏတဖြုတ်လေးဆို ဘာမှ
မဖြစ်ပေမယ့်.....
အကြာကြီးနေဖို့ကျ...... ''"ကိုယ် အရင်အခန်းမှာပဲ သွားနေလိုက်မယ်လေ...Krist ဒီမှာပဲ
နေပါ...အရင်အိမ်ကိုတော့ မပြန်ပါနဲ့...''အိမ်ရှင်ကိုမောင်းထုတ်ပြီး အပြင်လူက
ဝင်နေရမယ့်အလုပ်မျိုး...
Krist အဲ့လိုမျိုးမလုပ်ချင်ပါဘူး...."Phi.......''
"ဒီမှာပဲနေပါ....ကိုယ်မင်းကိုခေါ်ထားတယ်
ဆိုတာက တခြားအတွေးရှိလို့မဟုတ်ပါဘူး..
အရင်အိမ်က မြို့စွန်မှာလေ...
ကျောင်းလာရတာလည်းဝေးတယ်...
အလုပ်လာရတာလည်းဝေးတယ်...
အဲ့ဒါကြောင့်မို့ စိတ်မချလို့ပါ...
တကယ်လို့ Gun နဲ့အတူနေချင်တယ်
ဆိုလည်း နေလို့ရတာပဲကို....
နော် Krist ရယ်...ဒီတစ်ခုကိုတော့
လိုက်လျောနော်....''စကားရှည်ကြီးနဲ့ သိမ်းသွင်းအပြီးမှာတော့
အားနာနာနဲ့ပဲ လက်ခံပါစေလို့..
ဆုတောင်းမိတယ်..." Phi အိမ်မှာနေပြီး Phi ကိုမနေစေချင်
တာမျိုး မလုပ်ချင်ပါဘူး...''ဆင်ခြေဆင်လက်ပေါင်းများစွာနဲ့
ငြင်းပယ်ချင်နေတဲ့ Krist ကို
သူဘယ်လိုဆွဲထားရပါ့..."ဘာပဲဖြစ်ဖြစ်...အရင်အိမ်တော့မပြန်ရဘူး...ဒီမှာ ကိုယ်နဲ့အတူနေရင်နေ...
မဟုတ်ရင် Gun နဲ့နေ....
စာမေးပွဲလည်းနီးနေပြီကို...ဟိုရွှေ့ဒီရွှေ့
မလုပ်နဲ့တော့...''အပြီးသတ်ပြောလိုက်ပြီး နောက်ထပ်
ငြင်းဆန်မှာကိုမကြားချင်တော့တာမို့
ရေချိုးခန်းထဲဝင်ခဲ့လိုက်တယ်...
ŞİMDİ OKUDUĞUN
Rebirth for Love
Hayran KurguRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...