💜💜💜💜

3.8K 333 12
                                    

ZG version

'သား ဟိုရောက်ရင် ကျန်းမာရေးဂရုစိုက်နော်
အစားလည်း ပုံမှန်စားနော်'

'ဟုတ်'

'ကျောင်းပိတ်ရင်ပြန်လာလည်နော်'

"ပြန်လာမှာပေါ့ အမေရယ်''

မျက်ရည်တွေရစ်ဝိုင်းလို့ ပူပင်မှုတွေနဲ့ အမေ့ရဲ့မျက်နှာ။
ကျွန်တော် သားမိုက်ဖြစ်နေပြီလား။
တောင်းပန်ပါတယ် အမေ။

"ကဲ လေယာဉ်ချိန်လည်းနီးနေပြီ
သား အနေအထိုင်ဆင်ခြင်ပါ
အဖေကတော့ အများကြီး မမှာချင်ဘူး"

"ဟုတ်ကဲ့ပါ အဖေ
အမေနဲ့ မမကို ဂရုစိုက်ပေးပါ
သားသွားတော့မယ်နော်"

ဒီမြေ၊ ဒီရေ၊ ဒီလေကို ပြန်ရှူဖို့
ကျွန်တော် အသင့်ဖြစ်ရင် ပြန်လာခဲ့ပါ့မယ်။

ရူးနှမ်းတဲ့ စိတ်ခံစားချက်ကို ဖြေဖျောက်ဖို့လည်း
ကျွန်တော် ရင့်ကျက်ဖို့ လိုသေးတယ်။

.
.
.

"အမေ အကိုလေးက တကယ်ပဲ နိုင်ငံခြားကို
ထွက်သွားတာလားဟင်"

"တကယ်ပေါ့သားရယ် ဒီနေ့မနက်ပဲ သားအဖေက
သခင်ကြီးတို့မိသားစုနဲ့အတူ လိုက်ပို့တယ်လေ"

"အဟင့်"

"သားက စိတ်မကောင်းလို့လား
အမေလည်းတူတူပါပဲကွယ်"

"သား အကိုလေးကို သတိရနေတော့မှာ"

Kim အိမ်တော်က အစေခံအကုန်လုံးက
သခင်မလေးနဲ့ သခင်လေးလို့သာ သုံးနှုန်းပေမယ့်
မမလေးကတော့ ကျွန်တော့်ကို အဲ့လိုခေါ်ခွင့်အစား
မမလေးနဲ့ အကိုလေးလို့သာ ခေါ်စေခဲ့တယ်။

မမလေးက ကျွန်တော့်အပေါ်ဆို
အရမ်းကောင်းတယ်။ ကျွန်တော့်ဘဝကို သနားပြီး
ကျွန်တော်က လိမ္မာလို့ ချစ်တယ်တဲ့။

အကိုလေးကတော့ အဲ့လိုမဟုတ်ခဲ့ဘူး။
ဘယ်သူနဲ့မှ ရောရောထွေးထွေးမနေတတ်သလို
ကျွန်တော်ကိုလည်း အဖတ်မလုပ်ဘူးပါ။

ထူးဆန်းစွာ ကျွန်တော်ကလည်း အကိုလေးကို
ပိုခင်တွယ်မိနေတယ်။
မရတာကိုမှ လိုချင်တဲ့ လူ့သဘာဝအရ
အကိုလေးဆီက ဂရုစိုက်မှုကို ကျွန်တော်လိုချင်ခဲ့မိတယ်။
ဒါပေမယ့် ကျွန်တော်မေ့နေခဲ့တဲ့အရာက အခြေအနေ။
ကျွန်တော့်ရဲ့အခြေအနေက အဲ့လိုဖြစ်နိုင်ပါ့မလား။

ချစ်သည်...သို့သော် (Completed)Where stories live. Discover now