Extra ♥

12.3K 759 18
                                    

There a place where lovers go to cry
their troubles awary and
they call it lonesome
where the broken hearts stay.
You can buy a dream or two
To last you all through the years
And the only price
You pay is a heartful of tears........🎼🎼

Michael Buble ရဲ့ Home သီချင်းလေးက Radio ကနေတစ်ဆင့် အခန်းထဲပျံလွင့်နေသည်။ ပေကျင်းနဲ့မတူပေမယ့် ဒီက နေရောင်ခြည်နွေးနွေးလေးကိုလဲ သဘောကျသည်။ စစရောက်ချင်း နေရထိုင်ရခက်ခဲခဲ့ပေမယ့် ခုတော့ လီယွန်မြို့လေးကို သူတော်တော် သဘောကျလာသည်။

အခန်းထဲ တိုးဝင်လာတဲ့ နေရောင်ဟိုတစ်စ ဒီတစ်စကြောင့် ရှောင်းကျန့် ခုံပေါ် ထိုင်နေရာကထ ပြီး လိုက်ကာတွေကို အကုန်ဆွဲတင်လိုက်သည်။ နိုးတည်းက Coffee တစ်ခွက် စာအုပ်တစ်အုပ်နဲ့ ငြိမ့်နေတာတော်တော်ကြာလေပြီ။

နာရီ ကြည့်မိတော့ ၆နာရီ ရှိပြီးမို့ ဖုန်းကို ဖွင့်ပြီး
"Honey 🐰" ဆိုတဲ့ Contact လေးကို နှိပ်လိုက်သည် ။

You are my VIP..
You are my only one....
So thank you my love........

တစ်ဖက်မှ ringtone သံ ကြားတော့ ရှောင်းကျန့်ပြုံးလိုက်မိသည်။ သူ့အတွက် သီးသန့် သီချင်းမို့ ဒီလို သေးသေးစစ အရာလေးတွေက အစ အချစ်ခံရတာမို့ သူတကယ် ကံကောင်းသည်ပင်။ ပေကျင်းက ထွက်လာပြီး
နေဖို့ထိုင်ဖို့ တိုက်ခန်းသေးသေး ဆိုရင်လဲ သူ့အတွက် အဆင်ပြေပေမယ့် ရိပေါ် ကလုံးချင်းအိမ်လေးကို စီစဉ်ထားလေသည်။ အလုပ်ကိုလဲ အရင် သူဦးစီးခဲ့တဲ့ company ခွဲကိုပဲ ပြန်ဝင်ခဲ့သည်။ ကျွန်တော်ကတော့ အိမ်မှာနေပြီး Design တွေ လေ့လာပြီး ဆွဲနေရုံပင်။
အကုန်အစစအရာရာ ကျွန်တော်နဲ့ အတူတူနေဖို့ ဟိုးအရင်တည်းက ပြင်ထားတဲ့ အရာတွေ ကျွန်တော် ချစ်ပေးခဲ့သလောက် သူက ပိုချစ်ပေးခဲ့သည်။ ဒီကောင်လေးက သူ့ထက်ငယ်ပေမယ့် ကျွန်တော်ကသာ သူ့ပေါ်ချည်း အမြဲ ဆိုးနေခဲ့သလို သူကလဲ ကျွန်တော်ဆိုးသလောက်
အလျော့ပေးမြဲသာ။ မင်းဘာလို့ ငါကို အလိုလိုက်လဲ မေးရင် သူဖြေနေကြ အဖြေက တစ်ခုတည်းပင်။

" ဒီလူ တစ်ယောက်တည်းကို ချစ်ခဲ့တာမို့
ဒီလူရဲ့ ဆိုးခြင်းကောင်းခြင်း အကုန်လက်ခံနိုင်သလို
ကိုကိုက မင်းနဲ့ပဲ တူတူနေမယ်လို့ ပြောတည်းက ကျွန်တော့ဘဝကို ကိုကို့ကိုပေးထားပြီးပြီးလေ " တဲ့ ကျွန်တော်က တကယ်အချစ်ခံရတဲ့ ယုန်ဖြူ လေးဖြစ်မယ်ထင်တယ်။

L O V E  [YIZHAN]Donde viven las historias. Descúbrelo ahora