Unicode version
"ဒီမှာဖေဖေနဲမေမေသူ့ဓါတ်ပုံက"
"အော် အဲ့သမီးလေးလား"
"မေမေတို့ကသူ့ကိုအပြင်မှာတွေ့ဖူးလို့လား"
"အင်းတွေ့ဖူးတယ် သားရဲ့ဟိုတလောကသားခရီးထွက်နေတုန်း သားအဖေသူငယ်ချင်းကမဆုံဖြစ်တာကြာပြီဆုံကြရအောင်ဆိုပြီးထမင်းစားခေါ်တာလေ အဲ့တုန်းကသမီးလေးနဲ့မိတ်ဆက်ပေးသေးတယ်သားရဲ့"
"အော် မေမေတို့ကနော်သားကိုတောင်မပြောဘူးကြည့်အုံး ဟွန့်"
"အော် သားရယ် မင်းကခရီးထွက်နေလို့ပါဆိုနေကွာ အဖေတို့ကမပြောလိုက်ရတာပါ"
"ဟုတ်ပါပြီဗျာ"
"သမီးလေးမြတ်နိုးနဲ့ဆိုတော့ဖေဖေတို့ကဘာမှပြောစရာမရှိပါဘူး သားရယ် ဒါနဲ့ မင်းပြောတဲ့ထဲကမူရာဆိုတဲ့တစ်ယောက်ကတော်တော်မလွယ်တဲ့ပုံစံလေးပဲ သား မင်းသေချာသတိထားရမယ် မင်းမြတ်နိုးကိုချစ်တယ်ဆိုရင် အဲ့မူရာဆိုတဲ့ကောင်မလေးနဲ့ဇာတ်လမ်းကို မြန်မြန်ရှင်းရမယ်သား နို့မို့ဆို သားနဲ့သမီးလေးမြတ်နိုးဝေးရလိမ့်မယ်သားရဲ့"
"ဟုတ်သားလည်းအခုတလောအဲ့ကိစ္စအတွက်ပဲစဉ်စားနေတာ ပြီးတော့မြတ်နိုးကိုလည်း အကြောင်းစုံပြောပြထားတယ် ဖေဖေ"
"အော် အေးပါကွာ အဲ့လိုဆိုတော့လည်း ငါ့သားအဆင်ပြေမှာပါကွာ နောက်ပြီး ဖေဖေတို့ဆီကနေလိုအပ်ရင်အကူညီတောင်းပေါ့ကွာ ဟုတ်ဘူးလားကွာနော်"
"ဟုတ်"
"ကဲ အာ့ဆိုမေမေတို့အိမ်ကို သမီးမြတ်နိုးတို့မိသားစုကို ထမင်းဖိတ်ကျွေးလိုက်မယ်လေ ဒီတပတ်ကျောင်းပိတ်ရက်ကျရင်လေ"
"ကောင်းတယ် မိန်းမရေ ဒါမှသူတို့ကိုမိတ်ဆက်ပေးသလိုဖြစ်သွားမှာကွ"
သူရမှာတော့ဘယ်လောက်တောင်ကျေနပ်နေလဲမသိဘေးကနေအေဖနဲ့အေမကိုမော့ပြီးမျက်လုံးကြီးကာပြုံးဖြီးဖြီးနဲဖြစ်နေလေရဲ့😂
"ကဲ ကဲ မိုးလည်းချုပ်နေပြီ အိပ်တော့သား မျက်နှာလည်းပုရွတ်ဆိတ်တေကိုက်အုံးမယ်နော်"
"ဟာ မေမေကလည်းဗျာ"
"အေးလေ မင်းမျက်နှာကြီးအဲ့လိုဖြစ်မှတော့မင်းအမေကပြောပြီပေါ့ကွ ဟား ဟား ဟား😂"
"တော်ပြီဗျာ အပေါ်တက်ပြီး အိပ်တော့မယ်"
"အဲအဲ ရှက်သွားတာကြည့်ပါအုံး"
အဲ့လိုနဲ့သူရအပေါ်ထပ်ကသူ့အခန်းထဲ ဝင်သွားပြီးတော့
ဖုန်းလေးကိုဖွင့်ပြီး မြတ်နိုးကိုစာလှမ်းပို့ပြီးစကားပြောရင် ကောင်းမလားတွေးလိုက်တော်ပါပြီသူအိပ်နေလောက်ပြီပဲ ထင်ပြီးဖုန်းကိုပြန်ပိတ် ကျောင်းပိတ်ရက်ကျရင် မတော်ရသေးတဲ့ယောက္ခမလောင်းတေနဲ့တွေ့ရတော့မှာကို ဘယ်လိုပြောရင်ကောင်းမလဲ ဘယ်လိုအရင်နှုတ်ဆက်ရမှာလဲ ဘာညာပေါင်းစုံ သူရတွေးနေတော့တယ်😅
...........................................................................
ဒီနေ့နဲနဲတိုသွားတယ် sorryပါနော် readerလေးတို့
စိတ်ဆိုးကြပါနဲ့နော်🥺🥺🥺🥺
နောက်အပတ်စနေ့နေ့မှာပြန်တွေ့ကြမယ်နော်😘
စောင့်ပြီးတော့ဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်♥️♥️♥️😘😘😘
YOU ARE READING
Crush On You❤️
Romanceပထမဆုံးစရေးတာမို့လို့ဖတ်ရတာအဆင်မပြေရင်တောင်းပန်ပါတယ်ခွင့်လွှတ်ပါ❤️