""""""""
ယူလာတဲ့ ထန်းသီးမုန့်ကို ပန်းကန်ပြားထဲ
လဲလှယ်ပြီး ဘူးခွံကို အမှိုက်ပုံးထဲထည့်
လိုက်တယ်...စားချင့်စဖွယ် ထန်းသီးအစာသွပ်မုန့်ကို
တစ်ခုကောက်ယူစားလိုက်ပြီး
Gun ကို တစ်ရာ့တစ်ကြိမ်မြောက်
စိတ်ထဲကနေ ချီးကျူးမိပြန်တယ်..!! ကောင်းလိုက်တာ....ဒါက အရမ်းကို
ကောင်းတယ်....!!ချင်းမိုင်ကိုအလုပ်ကိစ္စနဲ့သွားတဲ့ Phi Off
က အပြန်ကိုထန်းသီးတွေအများကြီး
သယ်လာခဲ့တယ်....မုန့်လုပ်သင်တန်းတက်နေတဲ့ Gun က
သူ့လက်စွမ်းကိုပြတယ်...
နဂိုကစားကောင်းတဲ့ ထန်းသီးဟာ
Gun ရဲ့လက်ရာနဲ့ပေါင်းစပ်လိုက်တဲ့အခါ
Wow..Amazing လို့ဖြစ်သွားစေတော့
တာပဲ....အုန်းသီးအမျှင်လေးတွေဝါးမိတဲ့အခါ
ချိုပြီး ဆိမ့်နေတာက အသက်...."ကိုယ့်ကိုလာပို့တာလား...မင်းစားဖို့
ယူလာတာလား..''မီးဖိုခန်းတံခါးဝမှာ တံခါးဘောင်ကို
လက်တစ်ဖက်ထောက်လျက်
လက်တစ်ဖက်က တဘက်တစ်ထည်နဲ့
ခေါင်းကိုရေသုတ်နေတယ်....ခြေထောက်တစ်ဖက်ကိုမတ်မတ်ရပ်ထားပြီး
နောက်တစ်ဖက်က ချိတ်ကွေးထားတယ်..ဘယ်လိုတောင်ကြည့်ကောင်းနေရတာလဲ...
သူ ကအသက်ကြီးလာတာတောင်
ဒီလူမှာ ပျော်ဝင်နေတုန်းပဲ...
တကယ်တမ်း သူအသက်ရှင်ခဲ့တဲ့
နှစ်တွေနဲ့စာရင် Phi ကသူ့ထက်
ငယ်နေသေးတယ်...ဒါပေမယ့်.....Phi ရှေ့ကိုရောက်တဲ့အခါ
တိုင်း သူ့မှာ ကိုယ့်ကိုကိုယ်
ငယ်တဲ့အပြုအမှုအတိုင်းပြုမှူနေမိတုန်း..."ကြည့်တာထက်မပိုချင်ဘူးလား...Krist.......''
"အဟွတ်.......''
အလောတကြီးမျိုချမိတဲ့ ထန်းသီးတစ်ပိုင်း
က လည်ချောင်းဝမှာ နင် သွားတယ်..."အဟမ်း....အ.......''
လည်ပင်းကို လက်နဲ့ညစ်ထားရင်း
အသက်ရှူလို့ မရတော့.....ထိုတော့မှ ဟန်နဲ့ပန်နဲ့ရပ်နေမိတဲ့ Sing
လည်း Krist ဆီပြေးရတယ်...
KAMU SEDANG MEMBACA
Rebirth for Love
Fiksi PenggemarRebirth တွေဖတ်ပါများပြီး (SK) ကို Rebirth လုပ်ပစ်လိုက်တယ်... (အေးရော...😁😁😁) ဖတ်လို့ ကောင်း၏မကောင်း၏ကတော့ ဖတ်မိမှပဲ သိကြပါလိမ့်မည်...😁😁 ကိုယ်လေးကတော့ ကိုယ့် plot နဲ့ ကိုယ် အတော်ကျေနပ်နေပြီ ပြန်တွေ့ကြမယ်နော်.... (Unicode) နဲ့လည်းဖတ်လို့ရပါပြီရှ...