နေမင်းကြီးတောင် အိပ်တန်းဝင်ဖို့ ပြင်နေပီမို့
ကျွန်တော် လမ်းမြန်မြန် လျှောက်နေမိတယ်
အိမ်မှာ သူ့ကို အဖွား မျော်နေတော့မယ်
ဒီနေ့ လစာထုတ်လာတာမို့ ဘွားဘွား အတွက်
ကြေးအိုးလေး ဝင်ဝယ်နေ၍
အချိန်တောင် နောက်ကျနေလေပီ
ခြေလှမ်းကို ခပ်သွက်သွက်လေး လျှောက်လှန်းနေမိ၏
လမ်းချိုးတစ်ခု အရောက်
"ဘုတ် "
သွားပီ ဘွားဘွား ကို စားစေချင်လို့ ဝယ်ခဲ့တဲ့
ကြေးအိုးလေး အခုတော့ မြေကြီးပေါ်မှာ ပြန့်ကျဲလို့
ကျွန်တော် ဝမ်းနည်းစွာဖြင့် ငုမ့်ကြည့်နေမိတယ်
"ဒီမှာ "
"ဟေ့"
"ဒီမှာ ခေါ်နေတာ မကြားဘူးလား "
ဆိုတဲ့ မှာန်ပါနေတဲ့ အသံကျယ်ကျယ်ကို ကြားမှ
ကျွန်တော်သတိဝင် လာပီး ထိုသူကိုမော့ကြည့်မိတယ်
ကျွန်တော့်ထက် ငယ်မယ်လို့ထင်ရတဲ့
ကောင်လေး တစ်ယောက်
ဖြူဝင်းသော အသားအရည် ချောမွတ်နေတဲ့
မျက်နှာလေးနဲ့ မလိုက်ဖက်စွာ
မျက်မှောင်တွေက တွန်းကျိုးလို့
" ဒီမှာ ဘာဖစ်သွားသေးလဲ "
ဆိုတဲ့ သူ့ရဲ့ ထပ်မံ သတိပေးစကားကြားမှ
ကျွန်တော် သူ့ဆီမှ အကြည့်လွှဲလိုက်ပီ
" ဘာမှ မဖစ်ဘူး "
ဟုပြောကာ မတ်တတ်ထရပ်လိုက်တယ်
"အ "
ခြေကျင်းဝတ်က မျက်ခနဲ့ နာသွားတာမို့ အသံ
ထွက်သွားတယ်ဆိုရုံလေး ထွက်သွားမိတယ်
ဟုတ်တယ်လေ အသံအကျယ်ကြီး ထွက်ပီးလည်း
ကိုယ့်ဟာကို အရှက်ကွဲမခံနိုင်ပါဘူး
သနားလည်း မခံနိုင်ဘူး