"ရှောင်ကျန့်.....!"
အနောက်ကအသံကြောင့်
ရှောင်ကျန့်ခြေလှမ်းလေးများ
ရပ်တန့်သွားခဲ့ရသည်။ဒီကလေးဆိုတာလေ....
ကြောက်ပါတယ်ဆို အရမ်းဖြဲခြောက်တာပဲ။တစ်လှမ်းချင်းအနားကပ်လာတဲ့
ရိပေါ်ရဲ့ မျက်ဝန်းတွေမှာ
လှောင်ရိပ်တွေလိုလို သန်းနေတုန်း။ကြောက်တယ်.......
ကိုယ်သူ့ကိုချစ်တာ အဖြူထည်လေးပါ။
ဂရုမစိုက်ရင်တောင်
မလှောင်ရယ်ဖို့ ပြောချင်သည်။"ဘာလို့ ထွက်ပြေးတာလဲ...!"
ဘောင်းဘီ အိတ်ထဲ လက်နှစ်ဖက်လုံး
ထိုးထည့်ပြီး ပြောလိုက်တဲ့
ရိပေါ်စတိုင်လ်က ခပ်မိုက်မိုက်။
ဘယ်လောက်ပဲ ကို့အပေါ်မကောင်းပါစေအုံး
ချစ်မိတော့လည်း သူပြုသမျှလှနေတော့တာပဲ။"မ...မထွက်ပြေးပါဘူး...!"
သူနဲ့ရိပေါ်စကားပြောနေတာလေးနဲ့တင်
ဘေးနားဝိုင်းလာတဲ့ လူအုပ်ကြီး။အေးပေါ့လေ။
တစ်ကျောင်းလုးံရဲ့ Kingဖြစ်တဲ့
ဝန်ကြီးချုပ်ရဲ့သားကို
ရှောင်ကျန့်လို ဆင်းရဲသားလေးက ချစ်တယ်ပြောမိထားတာပဲ။
သူတို့လို လူချမ်းသာတွေအတွက်တော့
ဒါက ဟာသတစ်ပုဒ်ပဲလေ။
အချစ်ကို စိတ်ကြိုက်ကစားနေကြသူတွေကိုး။ရယ်သံ ခပ်သဲ့သဲ့တွေကြောင့်
ရှောင်ကျန့် လွယ်အိတ်လေးကိုသာ
တင်းနေအောင် ဆုပ်ကိုင်ထားမိသည်။"မရယ်နဲ့...!"
ခပ်စူးစူးထွက်လာတဲ့ သူ့အသံကြောင့်
ရှောင်ကျန့် မျက်ရည်စလေးတွေနဲ့
တအံ့တသြမော့ကြည့်မိသည်။သူ့သြဇာကြောင့် ရယ်နေသူများလည်း
ပါးစပ်ပိတ်သွားရှာသည်။ရိပေါ်တစ်လှမ်းချင်း သူ့ဆီလျှောက်လာတော့
ရှောင်ကျန့် ကြောင်ကာ ရပ်နေမြဲ။
တဖြည်းဖြည်းရွေ့လျားလာတဲ့
သူ့လက်တွေက မျက်ရည်စလေးတွေ
စီးဆင်းနေတဲ့ ရှောင်ကျန့်ပါးပြင်ပေါ်
ဖွဖွလေးသုတ်ပေးနေပြန်သည်။အယောင်ယောင်အမှားမှားနဲ့ အသက်ရူကိုသာ
အောင့်ထားမိရင်းသူ့ကိုမယုံကြည်နိုင်စွာ
မော့ကြည့်မိတော့ ရုတ်တရက်
ထပြုံးလိုက်တဲ့သူ။
YOU ARE READING
ချစ်သောအရှင်(ချစ်သောအရှင်){Completed}
Fanfictionအချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း အချိန်တွေသာ ကျော်ပြီး မင်းဆီရောက်လာပေမဲ့ ငါ့အချစ်တွေကတော့ မကျော်လွန်ဘဲ မင်းကိုလွမ်းနေတုန်း