မီးပွိုင့်မှာ ရုတ်တရက် အနီရောင်သို့ ပြောင်းသွားသဖြင့် baekhyun သူ့ကားလေးကို ညင်သာစွာ ရပ်တန့်လိုက်ပါသည်။ ထိုစဉ် သူ့နည်းတူ သူ့ကားလေးဘေးနားသို့ အတူယှဉ်ရပ်လာသည့် mercedes bez ကားတစ်စီး ဘာရယ်မဟုတ် baekhyun အကြည့်လေးများ အမှတ်မထင် ကားမောင်းသူနေရာကို ကြည့်မိစဉ်...
" ဟင် "
Park Chanyeol... လုံးဝမျှော်လင့်ထားခြင်း မရှိသော လူတစ်ယောက်ကို တွေ့လိုက်ရခြင်းကြောင့် byun baekhyun တစ်ကိုယ်လုံး အေးခနဲ ဖြစ်သွားရသလို ရင်ခုန်သံတွေလဲ တဒိတ်ဒိတ် မြန်လာပါသည်။
Baekhyun လူမှားခြင်းမဟုတ်ပါ ။ မျက်စိလည်းမမှား ဘေးတိုက်အနေအထား မြင်ရသည်နှင့် ပင် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိနိုင် စွမ်းရှိအောင် အမြဲသတိတရ နှင့် အမှတ်ရနေမိသော လူတစ်ယောက်အဖြစ် baekhyun နှလုံးသားမှာ စွဲထင်နက်ရှိုင်းစွာ ရှိနေခဲ့ သူ ။
ထိုသူက တခြားမဟုတ်...
Park Chanyeol ဆိုသည့် လူတစ်ယောက် ဆိုတာ ဘယ်သူသိနိုင်မှာတဲ့လဲ ။တသိမ့်သိမ့် တုန်ရီလှုပ်ရှားနေသော နှလုံးသားဖြင့် တစ်ဖက်ကားပေါ်က Park chanyeol ကို baekhyun မသိမသာလေး ခိုးကြည့်နေမိစဉ်မှာပင် တိုက်ဆိုင်စွာ သူကလဲ baekhyun ရှိရာဘက်သို့ ဖျတ်ခနဲ လှည့်ကြည့်လာပါသည် ။
" ohhh "
Baekhyun နှင့်သူ မျက်လုံးချင်း ခလုတ်တိုက်မိကြသည် ။အကြာကြီးတော့ မဟုတ်ပါ ။
မိနစ်ပိုင်း ၊ စက္ကန့်ပိုင်းမျှဖြစ်ပြီး တည်ကြည်ခန့်ညားသော အသွင်ဖြင့် အကြည့်လွှဲသွားပုံက baekhyun လို ကောင်ချောလေး တစ်ယောက်ကိုတောင် အသိအမှတ်မပြု စိတ်မဝင်စားသလိုပါလား ။
သေချာတာကတော့ သူ baekhyun ကို မမှတ်မိခြင်းပင် ဒါလဲ တစ်မျိုးတော့ ကောင်းပါတယ် သူ့လိုလူ တစ်ယောက်က တခြားတစ်ယောက်ကို အလွယ်တကူ မှတ်မိနေမည့်သူမျိုး မဟုတ်သလို သူ့အလုပ်တာဝန် ဝတ္တရားက လွဲ၍လဲ တခြား ပတ်ဝန်းကျင်
ကို ဂရုစိုက်နေတတ်သည့် လူမျိုးလည်း မဟုတ် ။ ကိုယ်မှန်သည်ဟုထင်လျှင် မည်သူ့ကိုမှ ဂရုမစိုက်တတ် သူမျိုးဖြစ်သည် ။ရှည်လျားတဲ့ အရပ်။ တည်ကြည်ခန့်ညားသော ဥပတိရုပ် ။
နီရဲနေတဲ့ နှုတ်ခမ်းထူထူဖူးဖူးတွေ... ။
စူးရှတောက်ပသော မျက်လုံးဝိုင်းဝိုင်းတွေ ။ အထူးခြားဆုံးမှာ ကားနေသော နားရွက်လေးတွေ ။