#Zawgyi(Unicode Under👇👇👇)
Meeting ပြီးလို့ seungwoo ပြန်ထွက်လာတော့ ထောင့် တထောင့်မှာ နံရံကိုမှီကာ အိပ်ပျော်နေသည့် Dongpyo။"သူက ဘာလို့ တယောက်တည်းရှိ....အာ...ငါ တယောက်ပဲ နေခဲ့ခိုင်းတာကိုး"
Seungwoo အသာပြုံးကာ Dongpyo အနားသို့ လျှောက်သွားလိုက်သည်။နှိုးမလို့ပေမယ့် နှုတ်ခမ်းကြီးထော်ကာ အားရပါးရ အိပ်မောကျနေသော ကလေးလေးကို ငေးမောရင်း ငြိမ်ကျသွားသည်။
ဒီကလေးက အားလုံးခြုံကြည့်မှ ချစ်ဖို့ကောင်းတာမဟုတ်..အစိတ်အပိုင်းတခု
ချင်းစီကကို အသဲယားစရာ အူယားစရာလေး ဖြစ်လို့နေသည်။ နှာသီးလုံးလုံးလေးကို စိတ်မထိန်းနိုင်ဘဲ ဖွဖွလေးဆွဲညှစ်မိတော့ dongpyoဆီမှ အသံထွက်လာသည်။"အ.....အ...."
"..........."
"ဩော် hyung...meeting ပြီးပြီလား"
"အေး..အခုလေးတင်ပဲ...မင်းနှာခေါင်းပေါ်မှာ ဘာလေးလဲမသိဘူး..ကပ်နေလို့ hyung ဖယ်ပေးနေတာ"
"ဩော်...ဟုတ် "
"immm..ညစာစားပြီးပြီလား"
"အခုထိ..အဟင်း....."
"ဟင်..မစားရသေးဘူး?? ဘယ်အချိန်ရှိနေပြီလည်း...သွားစားကြမယ်လာ"
"ဟုတ်..ဟုတ်"
Manager Nim လှမ်းပို့ပေးထားသော ကားပေါ်သို့ dongpyo ကို တက်ရန် မျက်နှာရိပ်ပြလိုက်သည်။
ကလေးလေးက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကားနောက်ခန်းကို သွားဖွင့်နေတော့ Seungwoo စိတ်မရှည်ဖြစ်လာကာ ရှေ့တံခါးဖွင့်ပေးပြီး အထဲသွင်းလိုက်သည်။
စကားတခွန်းမဆိုဘဲ မိမိကို ရှေ့ခန်းထဲ သွင်းပလိုက်သော ဘိုးတော်ကို နှုတ်ခမ်းစူပြီး ကြည့်နေမိသည်။ အလုပ်ရှင်မို့ ငြိမ်နေရပေမယ့် ဗီဇက ပြချင်လာသည်။ စေစေ့မကြည့်ရဲသော်လည်း နဂိုထော်သော နှုတ်ခမ်းကို စူပစ်လိုက်သည်မို့ တမင်ထော်ထားမှန်း သိသာနေသည်။
Seungwoo ဘေးတဖက်ကနေ ဝင်လာပြီး ခါးပတ်ပတ်နေသည်အထိ ဘေးကနေငြိမ်နေတော့ seungwoo စကားစလာသည်။
"ဟေ့..ခါးပတ်ပါ ငါပတ်ပေးရမှာလား"
"မသိဘူးလေ..hyung က အတင်းထိုင်ခိုင်းတော့ ခါးပတ်လည်း အတင်းပတ်ပေးမလားလို့"