ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ
Book 14
Chapter 1 (နှစ်တစ်ထောင် သဘောတူညီမှု)
အင်မော်တယ် နန်းတော်ထဲမှာတော့...
အင်မော်တယ် ၀ှစ်စိုင်ရဲ့ ကလန်နဲ့ အင်မေယ်တယ် ဒိုဟီရဲ့ ပင်လယ်ရေလှိုင်း တာအို စစ်သည်တော်တွေဟာ ပဉ္စမ နန်းတော်အပြင်ဘက်မှာ စောင့်ဆိုင်းနေခဲ့ကြပါတယ်။ သူတို့တွေ ကြေကွဲစွာ စောင့်စားနေကြပေမဲ့လည်း မျှော်လင့်နေခဲ့ကြပါတယ်။ အံ့ဖွယ်တစ်ခု ကြုံတွေ့ရနိုးနိုး မျှော်လင့်ခဲ့ကြပါတယ်။
"မွန်းစတားကလန်တွေ..."
အသံကြီး ထွက်ပေါ်လာခဲ့သလို နတ်ဘုရားစိတ်စွမ်းအင် လှိုင်းလုံးကြီးကလည်း မွန်းစတားတာအို စစ်သည်တော်တွေ အားလုံးကို လွှမ်းခြုံသွားပါတော့တယ်။
"အိ.."မွန်းစတားတွေ လှည့်လိုက်ကြပါတယ်။ အင်မော်တယ် ၀ှစ်စိုင်နဲ့ အင်မော်တယ် ဒိုဟီတို့လည်း တုန်လှုပ်အံ့အားသင့်သွားခဲ့ပါပြီ။
ကီလိုမီတာ ရာကျော် အကွာအဝေးမှာတော့ မြစိမ်းရောင်မြွေနဂါးလေး လက်မောင်းမှာ ရစ်ခွေနေတဲ့ သားမွေးဝတ်စုံကို ၀တ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်က ရေမြေခွေးဖြူကြီးတစ်ကောင်နဲ့ အတူ ရှိနေခဲ့ပါတယ်။ သူတို့ပတ်လည်မှာတော့ ရှေးကျလှတဲ့ အကြမ်းထည် ပြုလုပ်ထားတဲ့ တောင်ဝှေးတွေ ပျံဝဲလို့ နေပါတယ်။ ဖူရှီတောင်ဝှေး ၀င်္ဂဘာပါ။ ဒီဝင်္ဂဘာရဲ့ ပတ်လည်ကီလိုမီတာ တစ်ရာကို လုံးဝ ပိတ်ဆို့တားဆီးထားပါတယ်။ တည်နေရာရွှေ့ပြောင်းပို့ဆောင်ခြင်းနဲ့ ဘယ်လိုမှ ၀င်လို့မရနိုင်ပါဘူး။
"မင်း?"အင်မော်တယ် ၀ှစ်စိုင်နဲ့ အင်မော်တယ် ဒိုဟီတို့ သူ့ကို မှတ်မိသွားကြပါပြီ။ နန်းတော်ကို ကျူးကျော် ၀င်ရောက်လာခဲ့တဲ့ လူတွေထဲမှာ သားမွေးဝတ်စုံ ၀တ်ဆင်ထားတဲ့ လူသားလေး တစ်ယောက်နဲ့ ရေမြေခွေးဖြူကြီးတစ်ကောင်ပါပါတယ်။
"အင်မော်တယ် နန်းတော်ရဲ့သော့က အခု ငါ့ရဲ့လက်ထဲမှာပဲ။"မွန်းစတားတွေ အားလုံး နင်ရဲ့အသံကို သေချာကြားလိုက်ကြရပါတယ်။ သူ့ရဲ့ နတ်ဘုရားစိတ်အာရုံက ကီလိုမီတာ တစ်ထောင်အထိဖြန့်ကျက်ထားခဲ့တဲ့အတွက် သူရဲ့အသံကို ပို့လွှတ်လိုက်လို့ရခဲ့ပါတယ်။
YOU ARE READING
ဓားတန်ခိုးရှင်၏ ဒဏ္ဍာရီ (စာစဉ် ၁၄)
Fantasyအကျဉ်းချုံး Xianxia world ( ဗုဒ္ဓ နှင့် တာအို ၀ါဒကို အခြေခံထားတဲ့ သိုင်း ၀တ္ထု အမျိုးအစား) Desolate era လို့ခေါ်တဲ့ အဆုံးမဲ့ ပျက်စီးမှုတွေသာရှိတဲ့ အချိန်ကာလမှာ မျိုးနွယ်စုတွေဟာ အသက်ရှင်ဖို့အတွက် မိုးကောင်းကင် ၊ ကမ္ဘာမြေကြီး နဲ့ နတ်ဆိုးတွေကို တိုက်ခိုက်နေ...