အပိုင်း (၁)

7K 157 3
                                    


အပိုင်း (1)
ကွာရှင်းပြီးသုံးနှစ်ကြာသောအခါ

"ဝမ်းနည်းပါတယ်၊ ကျွန်တော်တို့ အသက်သုံးဆယ်ကျော် အမျိုးသမီးကို အလုပ် မခန့်နိုင်ပါ”
စားသောက်ဆိုင်မှ မန်နေဂျာဟာ ရှရှင်းဟီကို ပြောပြီး စိတ်မရှည်စွာ သူမကို မောင်းထုတ်ခဲ့တယ်။
ရှရှင်းဟီဟာ ရက်စက်စွာ မောင်းထုတ်ခံရပြီး စားသောက်ဆိုင်မှ ထွက်ခွာသွားချိန်မှာ စားသောက်ဆိုင် မန်နေဂျာရဲ့ တီးတိုး ပြောဆိုသံကို ကြားလိုက်ရတယ်။

"ဒီလို အသက်ကြီးပြီး ရုပ်ဆိုးတဲ့ စားပွဲထိုးကို အလုပ်ခန့်ထားရင် ဘယ်သူက ငါ့စားသောက်ဆိုင်ကို လာတော့မှာလဲ"

ရှင်းဟီဟာ မျက်မှောင် တစ်ချက် ကြုတ်လိုက်မိတယ်။ သူမ စိတ်ထဲမှာတော့ သူမဟာ အသက်25ပဲ ရှိတယ် ဆိုတာ မန်နေဂျာကို ပြန်ပြီး လှည့်ပြော လိုက်ချင်တာ။
ဒါပေမဲ့ သူမဘေး ကပြတင်းပေါက်မှာ ထင်နေတဲ့ သူမရဲ့ ပုံရိပ်ကို ကြည့်ပြီး သူမခြေလှမ်းတွေ ရပ်တန့်လိုက်တယ်။
သူမမျက်နှာမှ ငယ်ရွယ် နုပျိုမှုတွေ ပျောက်ဆုံးသွားပြီး တစ်ချိန်က သူမမျက်လုံးထဲ တောက်ပပြီး အလှဆင်နေတဲ့ အလင်းရောင် မှိတ်တုတ်တုတ်လေးတွေ ဟာလည်း မှေးမှိန်လို့ ပျောက်ကွယ် သွားခဲ့ပြီ။

ပိန်ချုံးနေတဲ့ ခန္ဓာကိုယ်၊ ခြောက်သွေ့နေတဲ့ ဆံပင်၊အရေးကြောင်းတွေ ဖြစ်နေတဲ့ မျက်နှာနဲ့ ခေတ်မမှီတော့တဲ့ အဝတ်တွေကြောင့် သူမရုပ်ကို ဆယ်နှစ်ကျော် ပိုပြီး အသက်ကြီးစေတဲ့ ပုံစံ ဖြစ်သွားစေတယ်။
သူမဟာ အသက် ကြီးလာပြီ ဆိုတာ အရင်ချိန် ကတည်းက သိရှိခဲ့တာပါ။ ဒါပေမဲ့ လည်း သူမအသက်ဟာ 25နှစ်ပဲ ရှိပါသေးတယ်။
ရှင်းဟီဟာ လွန်ခဲ့တဲ့ အချိန်အနည်းငယ် အတွင်းက အခက်အခဲတွေကြောင့် သူမရဲ့ စိတ်ကို ရွံနွံ နစ်စေခဲ့သလို ခါးသီးစွာ ပြုံးပြလိုက်တယ်။ သူမဟာ ပင်ပန်းပြီး လေးလံလှသော ခန္ဓာကိုယ်ကို ဆွဲငင်ပြီး ထိုနေရာမှ ထွက်လာနေတုန်း သူမ အနောက်မှာ ကားတစ်စီး ရပ်နေတာကို သတိထားမိ လိုက်တယ်။
အလွန် ဈေးကြီးလှသော May Bach တံဆိပ် ကားတစ်စီး ရောက်ရှိ လာတာကို စားသောက်ဆိုင် မန်နေဂျာကတော့ မမြင်ပဲ မနေဘူး။

CEO ကိုလူဆိုးWhere stories live. Discover now