Unicode
မှိုင်ထွေနေတဲ့ ညီဖြစ်သူကို ရိပေါ်ကြည့်ရင်း စိတ်ထဲမကောင်းပေ....
အပေါင်းအသင်းတွေ က ကျိုးချန် ကို Beta ဆိုပြီး ခပ်ခွာခွာနေကြတယ်။
ဘယ်လောက်တောင် ရူးလိုက်တဲ့ အတွေးပါလိမ့်။
" မင်း သဘောကျနေတဲ့ သူက စန့်ကျင်ရဲ့ ချစ်သူလား "
တွေတွေလေးငေးနေတဲ့ ကျိူးချန် ကြောင့် ရိပေါ် သဘောပေါက်လိုက်သည်။
ညီဖြစ်သူ ပို၍ စိတ်ဆင်းရဲမှာစိုးလို့ စကားလမ်းကြောင်းလွှဲကာ..." ဘူဖေး ဟော့ပေါ့ သွားစားကြမလား...."
အုံ့နေတဲ့ကောင်းကင်လို ငြို့ နေတဲ့ ကျိုးချန် မျက်နှာ ဘလင်း ဘလင်း တောင်ဖြစ်သွားတယ်။
" သွားစားကြမယ် စင်တာရဲ့ အပေါ်ဆုံးအလွှာက မာလာဟော့ပေါ့ ကောင်းတယ် "
အိမ်း...... သူ့ နှလုံးသား ကို အစားအသောက်က အပိုင်သိမ်းထားပါ့လား...
ခုဏ ကတော့ ဒီမျက်နှာ မဟုတ်ဘူး... အစားဆိုတာနဲ့ ငေါက်ခနဲဘဲ...." ဟယ်လို ကိုကို.... "
"..............."
" ဟုတ် ပြန်လာမယ် ကိုကို ချစ်တယ်နော်..."
မာလာခေါက်ဆွဲစားရင်း ကျိုးချန် မျက်စောင်းလေးနဲ့
" ချစ်လင်လင် က ပြန်ခေါ်နေလို့လား.."
ရိပေါ် အသားကင်တစ်ခုကို ပါးစပ်ထဲထိုးထည့်ရင်း..
" အင်း ဟုတ်တယ်... ညကျရင် ကိုကို က Alcohol တူတူသောက်ကြမယ် တဲ့.....မြန်မြန်စား.."
ကျိုးချန် လဲ စားရင်း သောက်ရင်း ဝေ့ဝဲကြည့်လိုက်တော့ အမြင်စက်ကွင်း ရဿ့ ထောင့်တစ်နေရာကနေ ချစ်ဦးသူ ပုံရိပ်လေးကို သူတွေ့လိုက်သည်။
သို့သော်..... မမြင်သလိုနေလိုက်ရင်း.....
" ရိပေါ် ငါတို့ ဒီကနေ ပုလင်းအချိူ့ ဝယ်သွားကြမလား..."
ရိပေါ်ကတော့ ပလုတ်ပလောင်းစားရင် ခေါင်းခါပြသည်။
အမြဲယောက်ျား အားကိုးနဲ့ လူ.....
" ရိပေါ်လေး.... ဘာတွေလုပ်.... အင်း.....မွှေးနေတာဘဲ....."
" ကိုကို တော်တော် ကဲနေလား ဘာဖြစ်နေတာလဲ.."
YOU ARE READING
Remember that I Love You