Part 12

600 27 0
                                    

Unicode version

မနက်လည်းရောက်တော့ သူရရဲ့အမေက မြတ်နိုးတို့အိမ်ကိုစ‌ေန‌ေန့‌ေကျာင်းပိတ်ရက်မိသားစုလိုက်လာပြီးထမင်းစားဖို့ဖိတ်လိုက်တယ်
သူရလည်းကျောင်းသွားဖို့ပြင်နေတာပေါ့
"သားရေ မနက်စာစားလိုက်‌ေတာ့နော် အမေပြင်ပေးထားပြီးပြီနော်"
"ဟုတ်ကဲ့ မေမေ ....... အော်ဒါနဲ့ မေမေကဘယ်သွားမလို့လဲ"
"မနက်ဖန် မြတ်နိုးတို့မိသားစုကိုထမင်းစားဖို့ဖိတ်ထားလို့လေ မေမေဒီနေ့လိုအပ်တာလေးတေသွားဝယ်ရမယ်လေ"
"ဗျာ..... မနက်ဖန်ဖိတ်လိုက်တာလား"
"အေးလေ သားလေးကမအားဘူးလား"
"အားပါတယ် မေမေကလည်း ဖိတ်တာသားကိုဘာမှလဲကြိုမပြောတော့ အံ့ဩသွားလို့ပါ ဟီး ဟီး..."
"အမလေးနော် ဟုတ်ပါပြီ ကဲ စားစရာရှိတာစားကျောင်းနောက်ကျနေမယ် "
"ဟုတ်ကဲ့ပါ မေမေ😁"
.......................................................................
မြတ်နိုးကျောင်းသွားဖို့ပြင်ဆင်ပြီးမနက်စာစားဖို့အောက်သို့ဆင်းလာခဲ့တယ်
"မေမေရေ ဒီနေ့မနက်စာကဘာတေပြင်ထားလဲဟင်"
"သမီးကြိုက်တဲ့ရှမ်းကော်ရည်နဲ့လာစားတော့ ထွေးကုန်မယ်"
"ဟုတ် ‌ဟာ....မွေးနေတာပဲရှမ်းခေါက်ဆွဲအနံ့လေးက ဟီး ဟီး"
"အော် ဖေကြီးရေ ရှင့်ကိုကျမပြောဖို့မေ့နေတာ"
"ငါ့မိန်းမကဘာတေပြောမလို့လဲကွ"
"ဟိုလေရှင့်သူငယ်ချင်းတို့အိမ်ကဖုန်းလှမ်းဆက်တယ် မနက်ဖန် ထမင်းစားဖိတ်ချင်လို့တဲ့ မိသားစုလိုက်ကိုလာခဲ့ပါတဲ့"
"အော် ဟုတ်လား သွားကြတာပေါ့ကွာ သမီး‌လည်း နက်ဖန်အားတယ်မလား"
"ဟုတ် အားတယ် ဖေဖေ"
"အေး အာ့ဆို မိသားစုလိုက်သွားရမှာပေါ့ သူတို့နဲ့မတွေ့တာတောင်တော်တော်ကြာနေပြီပဲကွာ"
"ဟုတ်ပတော် ကဲ သမီးလေးရေ နောက်ကျနေမယ် စားစား ပြီးရင်ကျောင်းသွားတော့"
"မေမေကလည်းစား‌တာတောင်ဖြေးဖြေးစားပါရစေမေမေရယ်"
"ကဲပါမိန်းမရယ် သမီးလေးထမင်းကိုဖြေးဖြေးစားပါစေကွာ ပြီးရင်သွားမှာပေါ့ ပြီးတော့သမီးလေးက state ကျောင်းသူ မှမဟုတ်တော့တာ တက္ကသိုလ်ကျောင်းသူဖြစ်နေပြီကိုကွာ ကဲသမီးဖြေးဖြေးစားနော်ဟုတ်ပြီလား"
"ရှင်အဲ့လိုလုပ်နေရင် သမီးကဆိုးလိမ့်မယ်"
"မေမေကလည်းသမီးကဆိုးပါဘူး လိမ္မာပါတယ်နော့ ဖေဖေရာ😁"
"အေးပါကွာ မင်းတို့သားမိနှစ်ယောက်ကြားငါခေါင်းစားတယ်ကွာ"
"စားလို့ပြီးပြီ ကျောင်းသွားတော့မယ်နော် ဖေဖေနဲ့မေမေ အာဘွား😘"
"အမလေး ဟုတ်ပါပြီရှင်"
"အခုကြတော့လည်း စောနကသူတို့သားမိမဟုတ်တဲ့အတိုင်းပဲ ချစ်ပြနေတာ ဟွန်း မပြောချင်ဘူး😒"
"တာ့တာ သွားပြီနော်"
...........................................................................
ကျောင်းလည်းရောက်တော့သူရလည်းအောင်သူနဲ့အတူစာသင်ခန်းထဲသွား မြတ်နိုးလည်းရတီနဲ့အတူစာသင်ခန်းထဲသွားကြတာပေါ့
"မြတ်နိုး နင်ကိုသူရနဲ့ဘယ်လိုလည်းစကားပြောပြီးပြီလား"
"အခုတလောတော့စကားသိပ်မပြောဖြစ်ပါဘူး"
"အေးပါ အတန်းပြီးရင်ငါတို့ဘယ်သွားမှာလဲ"
"ထုံးစံတိုင်းကန်တင်းပေါ့ဟ😂"
"Oki baby😂"
သူရနဲ့အောင်သူလည်းအတန်းပြီးလို့ကန်တင်းသွားမလို့ လုပ်နေတုန်းမှာပဲ အတန်းရှေ့မှာဟိုမူရာမကရပ်စောင့်နေလေရဲ့
"ဟေ့ရောင် သူရရေ ငါတို့တေကန်တင်းသွားမှာမလား"
"အေးလေကွာ ဘာဖြစ်လို့လဲ"
"ဘာဖြစ်ရမှာလဲဟ ဟိုမှာ မင်းရဲ့မူရာကအတန်‌းရှေ့မှာရောက်နေပြီကွ"
"ဟာကွာ ဘယ်လိုလုပ်ပြီးဒီလိုအချိန်မှာရောက်လာရတာလဲကွာ ထားလိုက်တော့ လာသွားမယ်"
"ကိုကို ဘယ်သွားမလို့လည်း"
"ငါဘာသာဘယ်သွားသွားပေါ့ကွာမင်းကလည်း"
"ကိုကိုကလည်းမူရာကကိုကို့ရည်းစားလေ မူရာလည်းသိသင့်တယ်လေ ကိုကိုမပြောလည်းမူရာကတော့လိုက်လာမှာပဲ"
"မူရာ မင်းငါ့နားမှာတစ်ရက်လောက်လေး‌ေဝး‌ေဝး‌ေနပေးလို့မရဘူးလားကွာဟင်"
"ဟင့်အင်း အဲ့လိုနေလို့ဘယ်ဖြစ်ပါ့မလဲ ကိုကိုရယ် အဲ့လိုနေရင်ကိုကိုက မြတ်နိုးဆီသွားနေရင်ဘယ်လိုလုပ်မလဲ ဟား..ဟား"
"ရတယ်လေ မင်းလိုက်ခဲ့ပေါ့ ငါသွားတဲ့နေရာတိုင်းကို ငါတော့မင်းကို စကားတေအပိုမပြောချင်တော့ဘူးကွာ😒"
"Ok"
ကန်တင်းသွားတဲ့လမ်းမှာသူရရဲ့လက်ကိုမူရာချိတ်ပြီးလျေှာက်လာလိုက်တာသူရကတော့သူ့ကို ရှိတယ်လို့တောင်မထင်ဘူးဆိုတဲ့ပုံစံနဲ့လျှောက်လာလိုက်တာ အောင်သူကတော့အနောက်ကနေတစ်ယောက်ထဲလိုက်လာခဲ့တယ်
လမ်းစုံနေရာလေးရောက်တော့ မြတ်နိုးတို့နဲ့တန်းတိုးတာပေါ့ သူရကတော့တွေ့တွေ့ချင်းပဲ မူရာလက်ကိုဖယ်ဖို့ကြိုးစားပေမဲ့ မူရာကအတင်းလက်ကိုပေချိတ်ထားတယ်
မြတ်နိုးလည်း အခြေအနေကိုကြည့်ပြီး သူရတို့ကိုပြုံးပြပြီး ကန်တင်းကိုဆက်သွားကြတယ်
အဲ့မှာ
"မြတ်နိုး"
"အော် ကိုသူရဘာဖြစ်လို့လဲ"
"မတွေ့ရတာတော်တော်ကြာပြီလို့ ပြောမလို့ပါ"
"အော် omm ဟုတ်တယ်နော်"
"အဟမ်း အဟမ်း စကားပြောလိုမပြီးသေးဘူးလားကိုကို
ဒီမှာမူရာဗိုက်ဆာနေပြီကိုကိုရဲ့"
"မြတ်နိုး နောက်မှတွေ့မယ်နော်"
"Omm"
"အမလေးဟယ် အသံကိုက တယောပင်ပက်ကျိတက်နေသလိုပဲ ချွဲပစ်နေတာပဲ မပြောချင်ဘူး ဟွန့်"
"ရတီ တိုးတိုးပြောပါဟ ကြားသွားရင် အလကားနေရင်း ပြဿနာတက်နေမယ် လာသွားမယ်"
"မြတ်နိုးငါလေအဲ့မူရာမကိုကြည့်လို့ကို မရဘူး😤"
"အေးပါဟယ် စိတ်လျော့ပါ သူငါ့ကိုဘာမှမလုပ်သွားတာ ပြီးတော့ဘာမှလည်းပြောမသွားဘူးလေနော် ရတီနော်"
မြတ်နိုးတို့သူငယ်ချင်းနှစ်ယောက် ကန်တင်းမှာထိုင်ပြီး
"နက်ဖန်အားလား မြတ်နိုး"
"မအားဘူး ဘာလုပ်စရာရှိလို့လဲ"
"ဟုတ်လား အာ့ဆိုနောက်မှသွားတော့မယ် နင်မအားဘူးဆိုတော့"
"Omm ဘယ်သွားမလို့တုန်းရတီနင်က"
"ရုပ်ရှင်ရုံလေ ဇာတ်ကားသစ်တင်နေတာသွားကြည့်ချင်လို့လေ"
"အော် အဲ့ဒါများ တနဂင်္ နွေနေ့မှသွားကြည့်မယ်လေနော်"
"Omm နင်ကနက်ဖန်ဘာလို့မအားတာလဲပြောပါအုံး"
"အော် အဲ့ဟာက မနက်ဖန်လေ ငါ့အဖေရဲ့သူငယ်ချင်းကငါတို့မိသားစုကို သူတို့အိမ်မှာထမင်းစားဖိတ်ထားလို့ အဲ့ဟာသွားရမှာမို့လို့"
"Aww အေးပါ ဟယ် သွားစားကြပါနော် တနဂင်္ နွေနေ့မှပဲ ငါနဲ့ရုပ်ရှင်သွားကြည့်ကြမယ်နော် မြတ်နိုး"
"Omm ok ok "
သူရတို့လည်းကန်တင်းမှာထိုင်ပြီး
"ကိုကို နက်ဖန်အားလားဟင်"
"မအားဘူး"
"ဟာ ကိုကိုကလည်း မူရာကအကောင်းမေးတာကိုကွာ"
"အေးလေ ငါလည်းမအားလို့မအားဘူးပြောတာလေ"
"ကဲ တော်ကြပါတော့ကွာ မင်းတို့နှစ်ယောက်ကလည်း ရန်ဖြစ်မနေပါနဲ့တော်ကွာ"
"အေးပါကွာ"
"ဒါနဲ့ကိုကိုကနက်ဖန်ဘယ်သွားစရာရှိလို့မအားတာလဲ"
"သွားစရာကတော့မရှိပါဘူး အိမ်ကိုအဖေ့ရဲ့သူငယ်ချင်းမိသားစုကို ထမင်းကျွေးမလို့ဖိတ်ထားလေ အဲ့ကြောင့်မအားတာ"
"အော် သူရ မင်းအဲ့ထမင်းစာပွဲကသာမာန်ပဲလားကွ"
"ငါဘဝအတွက်အရေးကြီးတယ်ကွအဲ့ဟာက"
"ကိုကို ဘာလို့အရေးကြီးရတာလဲဟင် ကိုကို"
"အဲ့လောက်ထိမင်းသိစရာမလိုဘူး မူရာ အဲ့ဟာကငါ့ရဲ့ Personal caseပါကွာ"
အောင်သူကတော့သူရကကြိုပြောထားလို့သိပြီးသားပါ
မူရာ့ရှေ့မို့တမင်မေးလိုက်တာသာမာန်ထမင်းစားပွဲလားလို့
..................................................……................
Sorry ပါနော် သာသာ ပြီးခဲ့တဲ့အပတ်ကနေမကောင်းလို့မupလိုက်ရပါဘူးနော်🤧
စောင့်မျှော်ပြီးဖတ်ပေးလို့လည်းကျေးဇူးပါနော်😘
ဖတ်ရတာအဆင်မပြေရင်ခွင့်လွှတ်ပေးပါနော်🥺
Readerတေကိုလည်းကျေးဇူးအများကြီးတင်ပါတယ်😘
Voteလေးတေပေးခဲ့ပါအုံးနော်❤️
Love u all 😘💋

Crush On You❤️Where stories live. Discover now