5 [ Unicode ]

278 24 1
                                    

[Zawgyi]

Ding Ding !!

Alarm မြည်လာသံကြောင့် Seung Wan နိုးလာလေသည် ။

Seung Wanထက် Seul Gi ကအရင်ထကာ အိမ်သာအပြေးအလွှား
ဝင်သွားလေသည် ။

ထို့နောက် ရေစိုနေသောမျက်နှာဖြင့် ပြန်ထွက်လာကာ တန်းပေါ်တွင် တင်ထားသော တဘက်ဖြင့် မျက်နှာကိုသုတ်နေသည် ။

ထို့နောက်

"Seung Wan ထတော့လေ မြန်မြန်အောက်ဆင်းခဲ့နော် စားဖို့ပြင်ထားမယ်"

Seul Gi  ကပြုံးလျက်ပြောကာထွက်သွားတယ် ။

Seung Wan အမြန်ထလိုက်ကာ ရေချိုးခန်းထဲဝင် မျက်နှာသစ် သွားတိုက်ကာ တဘက်ဖြင့်သုတ်လိုက်၍ အောက်ထပ်သို့ဆင်းလာခဲ့သည် ။

"Seung Wan လာစားလေ"

Seung Wan သည် လှမ်းခေါ်နေသော အမေ့ကို ခေါင်းငြိတ်ပြလိုက်ကာ
ထိုင်ခုံတွင်ဝင်ထိုင်၍စားလိုက်သည် ။

အမေကSeung Wan စားဖို့ရာ ပြင်ဆင်ပေးကာလာချပေးသည် ။

အိမ်ရှေ့ခန်းမှလဲ TV အသံနှင့်အတူ
အဖေနှင့်Seul Gi တို့၏ရယ်သံကိုပါကြားနေသေးသည် ။

Seung Wan လာချပေးသော မနက်စာကိုအမြန်စားလိုက်သည် ။

ထို့နောက် အိမ်ရှေ့ခန်းတွင် လူစုံနေပြီဖြစ်သည် ။

"အဖေ ဒီနေ့သမီးအပြင်သွားမယ်နော်
စီနီယာ တစ်ယောက်နဲ့ချိန်းထားလို့"

"Senior Joo Hyun လား"

Seul Gi က သိချင်နေသည့်မျက်လုံးလေးများဖြင့် မေးလာသည် ။
Seung Wan ခေါင်းငြိတ်ပြလိုက်တော့ Seul Gi ကပြုံးစိစိဖြစ်သွားသေးသည် ။

"သွားလေ ရတာပဲ နောက်ပြီး သမီးတို့လဲ
ကြီးလာကြပါပြီ အကုန်လိုက်ပြောပြနေစရာမလိုတော့ပါဘူး ဟုတ်ပြီလား"

အဖေကထိုသို့ပြောတော့ရယ်ပြကာ
ခေါင်းငြိတ်ပြလိုက်သည် ။

....................................................

ဒီကနေ့ မှာတော့ Joo Hyun နိုးကတည်းကသိပ်ကိုပျော်ရွှင်နေသည် ။

"မမလေး ဒီနေ့တော့ ပျော်စရာတွေရှိနေတယ် တူတယ်"

မနက်စာ လာချပေးတဲ့ အိမ်တော်ထိန်းကင်ရဲ့ စကားတစ်ခွန်းကြောင့် Joo Hyunက ဟီးခနဲရယ်ပြကာမေးလာသည် ။

Wannie[Z+U]Where stories live. Discover now