1

2.5K 166 67
                                    

Zawgyi

• အချစ်ရာ.. ကိုယ်ကြိုက်တဲ့ ချယ်ရီတွေထက်
မင်းရှက်လို့ ချယ်ရီရောင် သန်းသွားတဲ့ ပါးပြင်မိုမို့က ပိုလှတယ်ဆိုတာ
မင်းသိရဲ့လားအချစ် •

C H E R R Y

" ခွေးကောင်!! "

မနက်စောစော လင်ယောင်္ကျားဖြစ်သူ KimSeokjinရဲ့ ဆူပူကြိမ်းမောင်းသံတွေကို မခံချင်တော့တာမို့ KimNamjoonတစ်ယောက် ပါးချိုင့်နက်နက်ကြီး ပေါ်သည်အထိ ပြုံးကာ အိမ်မှထွက်လာခဲ့သည်။ မနက်စောစော * အပြန်မုန့်ဝယ်ခဲ့ ice creamရောပဲ... ဗိုက်ကလှုပ်နေသလိုပဲJoonရေ.. အထဲက သားသားက ကန်နေတယ်ထင်တယ်.. လာကြည့်ပေးပါဦး.. ကုမ္ပဏီ မသွားသေးဘူးလား * စသည်ဖြင့် ဗိုက်ကြီးသည် လင်ယောင်္ကျားရဲ့ ပွစိပွစိ လုပ်နေခြင်းကို Namjoonမခံနိုင်ပါ။

ပိုဆိုးသည်က KimSeokJinဆိုသည့် သူ၏လင်ယောင်္ကျားသည် သားယောင်္ကျားလေးအမွှာနှစ်ကောင်ကို ဗိုက်ထဲထည့်သိမ်းထားသော ယောင်္ကျားမို့ ပိုရစ်သည်။ မိန်းမတွေ ရစ်တာဟာ Seokjinလေး ဟောက်နေသလိုပါပဲ။ သို့သော် Namjoonစိတ်မပျက်ပါ။ အဘယ်ကြောင့်ဆို သူ့ရဲ့Seokjinလေးက စိတ်ပျက်လို့ မရလောက်အောင်ကို ချစ်စရာကောင်းနေသည်။

ကိုယ့်အတွေးနှင့် ကိုယ်သာသာယာယာပါပဲ။ Namjoonတစ်ယောက် ကုမ္ပဏီသို့ သွားရန် ခြံထဲတွင် အသင့်စောင့်နေသော ကားပေါ်သို့တက်လိုက်သည်။ Driverဦးလေးက ပြုံးစိစိလုပ်ကာ ကားနောက်ကြည့်မှန်မှ သူ့ကိုကြည့်နေသည်မို့ ရှက်ရှက်နှင့် လည်ပင်းကို လက်ဖြင့်ပွတ်မိသည်။

အဲ့ဦးလေးကြီး မနေ့က သူနဲ့Jinieလေး ဟိုဒင်းဟိုဟာ လုပ်နေတာကို မြင်သွားသည်လေ။ ဟိုဒင်းဟိုဟာ ဟူ၍ တစ်မျိုးတမည်မထင်နှင့်။ သူနှင့် Jinieလေး နမ်းနေတာပါ ။ အဲ... နမ်းနေတာ တစ်ခုတည်းတော့ မဟုတ်ဘူးပေါ့။ ဒါမျိုးက စောင်အစစ်မတွေကို ရှင်းပြလည်း နားလည်မှာမဟုတ်ပါဘူး။

" သူဌေး ကုမ္ပဏီရောက်နေပြီလေ.. မဆင်းသေးဘူးလား Seokjinလေး အကြောင်းတွေးနေတာလား "

အနောက်ကို လှည့်ကြည့်ကာ သိသိသာသာ ပြုံးပြီး ပြောလာတဲ့ ဦးလေးကြီးကြောင့် ဖိတ်ခ်စမိုင်းလ်လေးပြုံးပြကာ ကားပေါ်မှ ဆင်းလာသည်။ ကုမ္ပဏီကားပါကင်ထဲ ၀င်သွားသည့် ကားကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ နောက်နေ့ အဲ့ဦးလေးကြီး သူ့မိန်းမကို ကုတင်ပေါ်တင်တော့မှ KimNamJoonသွားချောင်းတော့မည်။ ငါဟဲ့ IQ182။

MY CHERRY ( Completed )Where stories live. Discover now