Part-35💓🌚💓🌚

1.2K 31 6
                                    

    "အားး...ကိုထက်..ဘာလို့ကိုက်တာလဲ..."

  ချစ်ရသူဆီမှ နူးညံ့သောအနမ်းတို့အား ငြိမ်သက်စွာခံယူနေသော လင်းရောင်ခ... နှုတ်ခမ်းထောင့်မှ စူးအောင့်သွားတဲ့ခံစားချက်ကြောင့်...ထထိုင်မိသည်ပင်...။သွေးစို့နေတဲ့ နှုတ်ခမ်းထောင့်ကိုလက်နှင့်ဖိရင်း...ထက်ကောင်းယံ အား ကြည့်လိုက်တော့...ဒိတ်ခနဲဖြစ်သွားတဲ့ ရင်ထဲကခံစားချက်က...အနည်းငယ်ကြောက်သွားသည်ဟုသတ်မှတ်လို့ရသည်...။ယခုအချိန်မှာ ထက်ကောင်းယံ ၏ ပုံစံက...မုဆိုးတစ်ယောက် သားကောင်မိထားသလို အမဲဖြတ်တော့မည့်ပုံစံ....

"ကို..ကိုထက်..ဘာဖြစ်တာလဲဟင်.."

ထက်ကောင်းယံ ဘာမှ ပြန်မပြောပဲ...လင်းရောင်ခ ၏ ခေါင်းကိုကိုင်၍..မျက်နှာချင်းပူးကပ်စေလိုက်သည်...။နဖူးချင်းထိထားကာ...စူးရဲသောအကြည့်တို့ဖြင့် ထိုကောင်လေးအား...စိုက်ကြည့်ရင်း....

"ငါမင်းကို သိမ်းပိုက်ချင်တယ်ဆိုရင်...မင်းလက်ခံမလား...."

လင်းရောင်ခ မျက်ဝန်းတို့ ပြူးကျယ်သွားသည်...။မထင်မှတ်ပဲ ပြောင်းလဲသွားသော ချစ်ရသူ၏ ပုံစံအား...ထိတ်လန့်မိတာတော့အမှန်ပင်...တစ်ရိပ်ရိပ်တက်လာသောကြောက်စိတ်က...ပြောစရာစကားလုံးတို့အား ပျောက်ရှစေသည်...။ ထက်ကောင်းယံ ဆီက ရုန်းထွက်နေပေမဲ့...ခါးကိုပါ ဆွဲဖက်လိုက်တာကြောင့်...လင်းရောင်ခ ပို လန့်လာသည်......

"ကို..ကိုထက်..အဲ့..အဲ့လိုမစ..မစပါနဲ့..ကျွန်တော့်ကို..လွှတ်..လွှတ်ပါ..."

ခါးကိုဖက်ထားရင်း...လင်းရောင်းခ ၏ နားရွက်ဖျားလေးအား...ထက်ကောင်းယံ ပါးပြင်နှင့် ပွတ်ဆွဲနေသည်...။ ထက်ကောင်းယံ ဆီမှ အသက်ရှူ သံပြင်းပြင်းကြောင့်...လင်းရောင်ခ ကြောက်စိတ်တွေဖြင့်...အားကုန်ရုန်းတော့သည်.......

"လွှတ်...ကိုထက်..လွှတ်တော့လို့...အား...ကျွန်တော်အသက်ရှူ ကျပ်တယ်...လွှတ်ပေးပါ..."

"ရှူး.....ကို့ဆီကနေမရုန်းနဲ့...ငြိမ်ငြိမ်လေးပဲနေပေး..."

"အင့်...ကိုထက်...ဘာလုပ်တာလဲ..ကျွန်တော်စိတ်တိုလာပြီနော်..!"

⚠BECAUSE...⁉   {U+Z} (Completed)Donde viven las historias. Descúbrelo ahora