1💙

5.3K 171 11
                                    

Unicode version

"ဘာ! မင်းမှာ ကစားရနေပြီ မဟုတ်လား"

ယောကျ်ားဖြစ်သူရဲ့ အော်သံကြောင့် ဇနီးဖြစ်သူ လန့်သွားပါသည်

"ရှင် ဝမ်းမသာဘူးလား"

"ဘာလို့ ဝမ်းသာရမှာလဲ! မင်းစဉ်းစားကြည့် ငါရော မင်းရော အခု အသက်၃၈နှစ်နော် ဒီအရွယ်မှာ ကလေးမွေးရင် တခြားသူတွေ ငါတို့ကို ဘာပြောမလဲ မင်းမသိဘူးလား ပြီးတော့ ငါတို့လည်း သား၂ယောက် ရှိနေပြီပဲဟာ ဘာလို့ နောက်ကလေး ထပ်ယူရမှာလဲ"

ယောကျ်ားဖြစ်သူက ကစားနေတဲ့ သား၂ယောက်ကို ကြည့်ကာ ပြောပါသည်

"ကျမလည်း ဒီကလေးကို လိုချင်တာ မဟုတ်ဘူးနော် မမျှော်လင့်ဘဲ ရလာတာ အခုဘယ်လိုလုပ်ရမလဲ"

"ဒါဆို ဖျက်ချလိုက်"

"ကျမလည်း ဖျက်ချချင်တာပေါ့ ဒါပေမယ့် ကိုယ်ဝန်က ၆ပတ်ကျော်နေပြီ ဖျက်ချလို့ မရတော့ဘူး ဘယ်လိုလုပ်ရမလဲ"

"ဒါဆိုလည်း မတတက်နိုင်ဘူး မွေးလိုက်တော့ ဒါပေမယ့် ငါဒီကလေးကို ချစ်ဖို့ အာမမခံနိုင်ဘူး"

"အတူတူပဲလေ ကျမလည်း ကိုယ်ဝန်ကလစေ့လို့ မွေးရမှာပဲရှိတာ ဒီအရွယ်မှာ ကလေးမမွေးချင်ပါဘူး မတက်နိုင်လို့ မွေးရမှာပဲ"

ဇနီးဖြစ်သူက ပြောပြီး ထွက်သွားပါသည်

ဒီလိုနဲ့ သူတို့လင်မယား ၂ယောက် ကလေးကို လစေ့တာနဲ့ မွေးလိုက်ပါသည်

ကလေးလေးက ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာ မိန်းကလေးပါ

ယောကျ်ားဖြစ်သူကတော့ ကလေးကို မချစ်ဘူးဟု ကြွေးကြော်ထားသော်လည်း ကလေးက အရမ်းချစ်ဖို့ ကောင်းနေသောကြောင့်ရော မိန်းကလေးဖြစ်နေတာကြောင့်ရော ချက်ချင်းကို မီးမီးရေ ဆိုပြီး ကောက်ချီတော့သည်

မိန်းမ့ဖစ်သူကတော့ ကလေးကို လှည့်တောင်မကြည့်ပေ။

ဒီအရွယ်မှ ကလေးမွေးရတာ ရှက်နေလို့ ဒီကလေးကို လုံးဝလှည့်မကြည့်ပေ။

ဒီလိုနဲ့ ကလေးကို ခေါ်ကာ ထိုမိသားစု အိမ်သို့ ပြန်လာပါသည်

ဒီလိုမဲ့ ကလေးက တဖြည်းဖြည်းနဲ့ အသက်ကြီးလာပါသည်

ဒါပေမယ့် အကို၂ယောက်လုံးမှာ ဘယ်သူမှ ကလေးကို သိပ်မချစ်ကြပေ။

No Expectation💔 (Jensoo)Where stories live. Discover now