My Happy PINKY Birthday

476 23 0
                                    

Fans       Kim Jong Dae !! Kim Jong Dae !! Saranghae !!!

               ပရိသတ်တွေရဲ့ အရှေ့က stage ပေါ်မှာ ထွက်လာတာက Kim Jong Dae ဒါမှမဟုတ် Chen

Chen's POV

               ကျွန်တော်က Kim Jong Dae ပါ။ Chen လို့လဲ ခေါ်ကြတယ်။ အသက်ကတော့ နှစ်ဆယ်။ ကျွန်တော် Debut လုပ်တာ သိပ်မကြာသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်ရဲ့ အသံကို သိသာလို့ဆိုပြီး လူကြိုက်အရမ်းများလာတယ်လေ။ ကြွားတာတော့ မဟုတ်ပါဘူး။  အခု ကျွန်တော်ရဲ့ Solo Concert လုပ်နေတာ။   Debut လုပ်ပြီး တစ်နှစ်ပဲ ရှိပါသေးတယ်။ Fan တွေရဲ့တောင်းဆိုမှုကြောင့်ပေါ့။ Entertainment က Solo Concert တစ်ပွဲလုပ်လိုက်တာလေ။  ကျွန်တော်အရမ်းပျော်နေတယ်လေ။ ကျွန်တော်အတွက်ပျော်ပေးမယ့်သူ ဘယ်သူမှမရှိဘူးလေ။ ကျွန်တော်မေမေနဲ့ ဖေဖေက Car accident နဲ့ ဆုံးသွားပြီလေ။  ကျွန်တော်က တစ်ယောက်တည်းသမားဆိုတော့ အမျိုးတွေလည်းမရှိဘူး။ ကျွန်တော်အတွက်ပျော်ပေးမယ့်သူ မရှိသလိုပါပဲ။  ဒါပေမဲ့ သူကတော့ ကျွန်တော့်အတွက် ပျော်ပေးမယ့် တစ်ဦးတည်းသောသူပေါ့။ သူက ကျွန်တော်ရဲ့ ချစ်သူလေး Pinky။ သူနဲ့ ကျွန်တော်က ကျွန်တော် Debut မလုပ်ခင်ကတည်းက ချစ်သူတွေပါ။ Fan တွေရှေ့မှာတော့ Top secret ပေါ့နော်။ သူနဲ့ ကျွန်တော်နဲ့က ဖူးစာဖက်တွေလို့ပဲပြောရမလား။ သူနဲ့ ကျွန်တော်နဲ့ မွေးနေ့ချင်း အတူတူပဲလေ။ ပြီးတော့ ကြိုက်တဲ့ colour ကလည်း Pink ဆိုမှ Pink။ သူ့နာမည်ကလည်း Pinky လေ။ သူက အရမ်းချစ်ဖို့ကောင်းတယ်။ အသားလေးကလည်း ဖွေးနေတာပဲ။ မျက်နှာလေးကလည်း အမြဲပြုံးနေတာ။ အသံလေးကလည်း ကျွန်တော့်နားထဲမှာတော့ တေးသွားလေးလိုပဲ။ သူက ကလေးအရမ်းဆန်တာပဲ။ သူလိုချင်တာဆို မရ ရအောင် တောင်းတယ်။ ကျွန်တော့်အပေါ်လည်း အရမ်းနိုင်တယ်။ ဒါပေမဲ့ ကျွန်တော် စိတ်မပျက်ပါဘူး။ ကျွန်တော့်ချစ်သူလေးပဲလေ။ သူနဲ့ ကျွန်တော်စတွေ့ပုံကလည်း အဆန်း။ အားလုံးက Pink ကပဲစခဲ့တာလေ။

~ Flashback Starts ~

               လွန်ခဲ့တဲ့ သုံးနှစ်က ကျွန်တော်မွေးနေ့မှာ  ကျွန်တော့်ကို လက်ဆောင်ဝယ်ပေးမယ့်သူ မရှိတော့  ကျွန်တော်ကိုယ်တိုင်ပဲ Shopping ထွက်ရတယ်လေ။  ကျွန်တော် Accessory ရောင်းတဲ့ဆိုင်တစ်ဆိုင်ကို သွားခဲ့တယ်။  ကလေးဆန်တယ်လို့ပဲ ပြောရမလား  အဲ့ဒီက ပန်းရောင် ဝက်ဝံရုပ်လေးကို မျက်စိကျသွားတယ်။ ကျွန်တော်က ယောက်ျားလေး ပြီတော့ ဝယ်မယ့် Color က pink ။  ကျွန်တော်စဉ်းစားရပြီ။ ဆိုင်က Ajuma က တစ်မျိုးထင်သွားရင်။ ဒါပေမဲ့  ကျွန်တော်အဲ့ဒီအရုပ်လေးကို အရမ်းကြိုက်နေတယ်။  ကျွန်တော်ဝယ်ဖို့ ဆုံးဖြတ်လိုက်တယ်။  ကျွန်တော်အဲ့ဒီအရုပ်လေးကို လက်တစ်ဖက်ကနေ လှမ်းဆွဲလိုက်တော့ အရုပ်ကလေးပါမလာဘူး။ ကျွန်တော် လှည့်ကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်  ကျွန်တော်နဲ့ အပြိုင်ဆွဲနေတာလေ။

You've reached the end of published parts.

⏰ Last updated: Nov 27, 2014 ⏰

Add this story to your Library to get notified about new parts!

My Happy PINKY BirthdayWhere stories live. Discover now