3💙

1.4K 135 4
                                    

Unicode version

Ji မနက်မိူးလင်းတာနဲ့ အိပ်ယာဘေးကနာရီကို လှမ်းကြည့်လိုက်ပါသည်

၇နာရီ

ဒါ ji ပုံမှန်ထနေကျ အချိန်ပင်

Jiက ငယ်ငယ်လေးကတည်းက omma က jiရဲ့ တံခါးကို လာခေါက်တဲ့ အသံကြားကတည်းက အိပ်ယာက နိူးပြီ နောက်ပိုင်းကျ ၇နာရီဆို မရတော့ဘူး သူ့အလိုလို နိုးနေပါရော...

Weekendဆိုလည်း ၇နာရီနိုးတယ် ဒါမယ့် အပျင်းထူပြီး ရရင်ရသလို ပြန်အိပ်တတ်တယ် ဒါပေမယ့် အိပ်တာကို ji မကြိုက်ဘူး...အိပ်ယာထဲမှာ လှဲနေရတဲ့ feeling ကြီးကို မကြိုက်တာပင်။

Jennieကျ jiနဲ့မတူ အိပ်ပုတ်ကြီးပါသည် ခင်လာတဲ့ နှစ်အတောအတွင်း jen ဘယ်လောက်အိပ်ပုတ်ကြီးတယ်ဆိုတာ jiအသိဆုံး

Jiက ည၁၁နာရီ အိပ်ပေမယ့် jennieအမြဲတမ်း ညဆို နောက်ကျအိပ်တယ် တခါတလေကျ jennieငယက မနက်၂နာရီမှ အိပ်တတ်တာ

သူအမြဲ အိပ်တာ နောက်ကျတော့ မနက်ဆို နောက်ကျမှ ထတယ် ပြီးရင် ကျောင်းအမြဲ နောက်ကျတယ် ji ဖုန်းဆက်နိုးလဲ "အင်း ထပြီ" ဆိုပြီး ပြီးရင် သူပဲ ပြန်အိပ်ပျော်သွားတ

အမြဲ ဖုန်းဆက်ပြီး နှိုးတဲ့ jiကသာ အရူးဖစ်တာပေါ့

အရူးဖြစ်လည်း သူ့ကို နေ့တိုင်း ဖုန်းဆက်နှိုးရတာကို jiသဘောကျမိပါသည် မသိရင် jiက ချစ်သူကို ဖုန်းဆက်နှိုးတဲ့ ကောင်မလေးပေါ့နော်

အခုလည်းကြည့် မိုးလင်းတာနဲ့ jiက သူ့ကို ဖုန်းဆက်နှိုးဖို့ အရင်သတိရမိသည်

၅မိနစ်လောက်ရှိနေပြီ jennieမက ဖုန်းမကိုင်သေး

သူညက အိပ်တာ နောက်ကျပြန်ပီ ထင်တယ်

Jiတွေးနေရင်း jennieရဲ့ အိပ်ချင်မူးတူး အသံပေါ်ထွက်လာပါသည်

"ဟဲ...လို"

"Jen ထတော့လေ"

"ဟင့်အင်း ထချင်သေးဘု .."

"မထလို့မရဘူးလေ jen ဒီနေ့ နင်တို့အဖွဲ့ရဲ့ projectဆို"

"ဟာ..အေး ဟုတ်သားပဲ မြန်မြန်သွားမှရမှာပဲ"

Ji ဖုန်းထဲကနေ jennieရဲ့ အိပ်ယာထတဲ့အသံတွေကိုကြားပြီး jennieရဲ့ပုံရိပ်တွေကို မြင်ပြီး ရယ်မိသေးသည်

No Expectation💔 (Jensoo)Место, где живут истории. Откройте их для себя