Unicode
break time ယူပြီးပြန်လာသော သူတို့နှစ်ယောက်ကိုမြင်သွားသည့် ကင်မရာမင်းမှ
"ပြန်လာကြပီလား
ဒီ senceက နှစ်ယောက်တွဲ ရိုက်မှာ
စတော့မလား"
သူတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်သည်။ Azumayaမှ
"ဟုတ်ကဲ့ စမယ်"ဟု လှမ်းပြောလိုက်ပြီး သူ့ stylistတွေရှိတဲ့ဆီ သွားလိုက်သည်။ အပေါက်ဝတွင် ရပ်ကျန်ခဲ့သော Takatoဆီသို့
"Saijo san, Saijo san" လို့ခေါ်ရင်းနဲ့ ဒါရိုက်တာကြီးရောက်လာသည်။
"ဟုတ်ကဲ့"
"မင်း သူ့ကိုအများကြီး စိတ်ရှည်သီးခံပေးနေတာတော့သိတယ်
မင်းကပြန်ပြီး စားသွားအူးမယ် သတိထားအူးနော်"
"ဟာသလေးတော့ပြောခွင့်ပေး
ကျွန်တော့် အနုပညာ ကို ယှဉ်နိုင်ဖို့ ဆိုရင်တော့ နောက်ထပ် နှစ် ၁၀၀ ကစောနေအူးမယ်"
"အင်းး
တခြားစားခံလိုက်ရတော့ရှိတယ်ပေါ့"
"ခင်ဗျာ
မုန့်လေးနည်းနည်းလောက်တင်"
ဒီဒါရိုက်ကြီး ဘာတွေလာမေးနေတာလဲ။ခွဲစိတ်ခန်းပုံစံ settingထဲတွင်ဖြစ်သည်။Azumayaမှ သူ့ကို ခွဲစိတ်ပေးဖို့ အကူအညီတောင်းတာကို လက်မခံနိုင်ဘူးငြင်းရင်း အခြေအတင် စကားပြောခန်းကို ရိုက်ရမှာဖြစ်သည်။ ဒါရိုက်တာထံမှ
"Ready , Action"
"ငါက မနိုင်တဲ့ ဇာတ်တွေကိုကတတ်တဲ့လူစားမဟုတ်ဘူး
မင်းတောင်းဆိုတာအတွက် sorry ပဲ" ဟုလက်ခါပြရင်း လှည့်ထွက်လိုက်သည်။ Azumaya က သူ့လက်ကောက်ဝတ်ကိုလှမ်းဆွဲလိုက်ပြီး နံရံကို ဖိကပ်လိုက်ကာ လက်နှစ်ဖက်စလုံးကိုချုပ်ထားလိုက်သည်။"မရှုံးချင်လို့ ခင်ဗျားရဲ့ ဒီလက်တွေကို လိုချင်တာပေါ့" သူ့ရဲ့လက်တွေကို ဆုပ််ကိုင်ပြီးပြောနေသည်။
"လွှတ်ပေးလို့ရမလား"
အာ့လောက်လက်ကိုဖမ်းဆုပ်ထားမှတော့ နာတယ်ဟ အရူးကောင်ရ။ သူစိတ်ထဲက ကြိမ်ဆဲလိုက်သည်။
"ခင်ဗျားသာ ရှိမယ်ဆို လူနာအသက်ကို ကယ်တင်နိုင်ပြီ
ခင်ဗျားကို လိုချင်တယ်"Azumayaမှာ ကာရိုက်တာမှာ နစ်ဝင်နေပြီးတော့ အမှန်အကန် သရုပ်ဆောင်နေသည်။ သူ့ရဲ့မျက်လုံးတွေနှင့် အသံမှာ အလွန်သက်ဝင်လှသည်။
YOU ARE READING
ဆွဲဆောင်မှုအရှိဆုံး အမျိုးသားထံ နှိပ်စက်ခံရခြင်း
RomanceUnicode Saijo Takato ဆိုတဲ့ အသက် ၂၈နှစ်အရွယ် သရုပ်ဆောင်လောကမှာ ၂ယောက်မရှိ ပြိုင်ဖက်ကင်းကြီးဟာ ဆွဲဆောင်မှုအရှိဆုံးအမျိုးသားဆိုတဲ့နေရာကနေ ဖယ်ပေးလိုက်ရပြီးတဲ့နောက်မှာတော့................... Azumaya Junta အရမ်းကိုတောက်ပနေတဲ့ ခင်ဗျားဆီကနေ ကျွန်တော့်ကို...