Episode -9

262 24 171
                                    

(Unicode)

"ပေကျင်းအကျဥ်းထောင်မှ အကျဥ်းသားတစ်ဦး ထောင်တွင်းရုတ်တရက်သေဆုံး ----
2013 ခုနှစ်က ပြန်ပေးမှုဖြင့် ထောင်ကျခဲ့သော Li--- သည် ယနေ့နံနက်ပိုင်းတွင် အခန်းတွင်း သေဆုံးလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ---"

TV မှလာသောသတင်းကြောင့် ကော်ဖီဖျော်နေရင်း CaiXukun အပြေးအလွှား လာကြည့်ရသည်

"ဒါ ဟို အဘကြီးပဲ ဘာဖြစ်လို့ပါလိမ့် ---"

FanChengCheng ကတော့ TV ကြည့်နေရာမှ လူဆိုးကိုပင် သနားနေဟန်တူသော Xukun ကို အားမရသည့်ပုံစံနှင့် လှည့်ကြည့်ကာ

"အဲ့လူကြီးက မင်းကိုသေလုမျောပါးရိုက်ပြီး NongNong ကို ပြန်ပေးဆွဲတဲ့တရားခံလေ ဒါတောင် သနားနေတုန်းလား ---"

"ငါ ဘယ်နခါပြောရမလဲ အဲ့အဘကြီး မလုပ်ခဲ့ပါဘူးဆို --- "

"အေးပါကွာ မင်းမဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ --- ရဲတွေကို မဟုတ်ကြောင်း သွားသွားပြောနေတာလည်း ရပ်လိုက်တော့ ---
အဲ့အဘကိုယ်တိုင်ဝန်ခံခဲ့တာဆိုတော့ ဘယ်သူက ဘာတတ်နိုင်မှာလဲ -- ခုလည်း ဆုံးသွားပြီပဲဟာ --- အရမ်းဝမ်းနည်းမနေနဲ့"

FanChengCheng ပြောမှသာ TV ရှေ့က မျက်နှာလွှဲသွားရင်း ကောင်တာမှာထိုင်မည်အလုပ်

"Boss -- ဧည့်သည်တယောက်က စကားပြောချင်လို့တဲ့ နံပါတ် 7 ဝိုင်းကပါ ---"

Waiter ကောင်လေးလာပြောသည်နှင့် Xukun ထိုဝိုင်းက ဧည့်သည်ကို လှမ်းကြည့်မိတော့

သက်လတ်ပိုင်း အမျိုးသားတစ်ဦး သန့်ပြန့်စွာ ဝတ်ဆင်ထားလျှက် ခပ်လှမ်းလှမ်းကပင် ပြုံးပြနေသည် ထိုလူကို သူရင်းရင်းနှီးနှီးသိသည် အပြေးသွားကာ ဖက်နှုတ်ဆက်ရင်း

"ဟာ ဆရာZhang ---"

ဆရာသည် မတွေ့တာကြာသော်လည်း ရုပ်ရည်အားဖြင့် သိပ်ပြောင်းလဲသွားခြင်းမရှိ တပည့်ဟောင်းကို ပြန်တွေ့ရတော့ အတော်လေး ဝမ်းသာနေရှာသည်

"KunKu​n မင်းက အရပ်ကြီး ရှည်လာတယ်ကွာ --- ရုပ်ကတော့ ငယ်ငယ်ကလိုပါ့လား --- ပိန်တော့ပိန်နေတယ်ကွ အလုပ်တွေချည်း ဖိလုပ်မနေနဲ့ ကျန်းမာရေး ဂရုစိုက်အုံး ---"

Love & LuckWhere stories live. Discover now