Part-1-2(အံ့သြဖွယ်ဖြစ်ရပ်)

98 12 0
                                    

အချိန်တွေက တရွေ့ရွေ့လည်ပတ်ရင်း ညကိုတဖန်ပြန်ရောက်လာခဲ့ပြန်ပြီ  suayနဲ့ အတူ တနေ့တာကိုကုန်ဆုံးရင်းနဲ့ သူအိပ်ရာဝင်ခဲ့သည်

ထူးဆန်းစွာနဲ့ဘဲ အမျိုးအမည် မသိတဲ့ အရိပ်က သူအိပ်မက်ထဲကို တစ်ဖနိကျူးကျော်ဝင်ရောက်လာပြန်သည်

"မင်းဘယ်သူလဲ …ငါ့ဆီကနေ ဘာကိုလိုချင်လို့လဲ "

gun ဒီမေးခွန်းကိုဘဲ ထပ်ကာတလဲလဲ မေးသည်

"ငါမင်းကို စောင့်နေတာ နှစ်တွေ တော်တော်ကြာနေပြီ… ဘာအကြောင်းပြချက်ကြောင့် မင်းငါ့ဆီကနေထွက်သွားခဲ့ရတာလဲ…"

ပြောနေကြအတိုင်းပင် ထိုအရိပ်ကဆိုပြန်သည် ဖြေနေကြအဖြေကိုဘဲ သူဖြေသည်

မကြာခင်မှာတော့ gunဆက်မအိပ်နိုင်တော့ပါ သူနိုးလာခဲ့သည် ရှုပ်ထွေးနေတဲ့ အခြေအနေတစ်ခုမှ  သူလွတ်မြောက်ချင်ပြီ  မဟုတ်ပါလား…

နိုးထလာသည့်တိုင်အောင် သူဘာကိုမှ နားမလည်ပါ ဘာကြောင့်လဲ ဘာလိုကြောင့် ထိုအရိပ်က ထမ်မံ နှောက်ယှက်ရတာလဲ အဲ့အဖြေကို သူမသိပါ

ပြီးတော့ သူတို့ ကတွေ့ဆုံဖူးသည် တဲ့လား
ဘယ်လို စိတ်မွန်းကြပ်စရာ အခြေအနေမျိုးပါလိမ့်
ထိုအိပ်မက်ကို သူမက်နေတာ ယခုဆို7ရက်ရှိပြီ…
………………………………………………

တနေ့တာကမြန်လွန်းလှသည် အိမ်ရှေ့လျောက် နောက်ဖေးလျောက် နှင့် တရက် ကုန်ဆုံးသွားပြန်သည်

8ရက်မြောက်နေ့မှာတော့ သူမက်နေကြ အိပ်မက်ကိုဘဲ ထပ်မက်ပြန်သည်

(A/N 8ရက်မြောက်နေ့လို့သုံးတာက gun စစချင်းအိပ်မက်မက်တာ may 1ရက်ပါ  8ရက်ဆက်တိုက် မက်တဲ့အတွက် 8ရက်မြောက်နေ့လို့ သုံးထားတာပါ ပြီးတော့ may လ 8'ရက်လည်းဖြစ်ပါတယ်နော်
reader လေးတွေ မျက်စိလညိနေမှာစိုးလို့)

အိပ်မက်တစ်ခုကို သူထပ်မက်ခဲ့ပေမယ့် ထိုအရာက အရိပ်တစ်ခုတော့ မဟုတ်တော့ပါ  သူ့အားကျောခိုင်းထားတဲ့ အပြင် မည်းနက်နေတဲ့ အသားအရည်ပိုင်ရှင် ဇာတ်ကောင်တစ်ဦးပင် ဖြစ်သည်

"မင်း နောက်တကြိမ် ထပ်ပြီး ကြိုးစားကြည့်ချင်သလား"

"ဘာကိုဆိုလိုတာလဲ ပြန်ကြိုးစားမလားဆိုတာ က ဘာအဓိပ္ပာယ်လဲ"

REMEMBER ME Where stories live. Discover now