gun note ကိုဖတ်ပြီးချိန်မာတော့ စားပွဲအောက်က သေတ္တာကိုယူပြီး အလျှင်အမြန်ဖွင့်လိုက်တယ်
note ထဲမှာရေးထားတဲ့ အတိုင်းပင် ဘဏ်စာအုပ်တစ်အုပ် စာရွက်စာတမ်းအချို့နဲ့
အချက်အလက် တွေက သေတ္တာထဲ တွင်နေရာယူထားသည်"တော်တော်ရူးတာဘဲ…နတ်သားတစ်ပါးက (angle Gကိုရည်ညွှန်းတာပါ) ဒီကပေးနိုင်တယ် ဘယ်လို့ဖြစ်နိုင်မှာလဲ…ID ကဒ် ပြီးတော့ uniform …ဟက် …ငါကိုဘာလို့ကျောင်းပြန်တတ်စေချင်တာလဲဆိုတာ တကယ် မတွေးတတ်တော့ဘူး"
သူ့အတွက် စီစဉ်ပေးထားတဲ့ ငွေထုက်ကဒ်နဲ့ ဘဏ်စာအုပ်ကို gun ယူလိုက်သည်
ဘဏ်စာအုပ်ကို ဖွင့်ကြည့်လိုက်ချိန် gunကို အတော်ပင် အံ့သြသွားစေသည်"1 million ဘတ် !! What the fuck!!ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ နတ်က ဒီလောက်များတဲ့ ပိုက်ဆံတွေကို ဘယ်နေရာကများ သွားလုထားတာလဲမသိဘူး…"
သူမြင်နေရတာတွေကို တစ်ခုမှ တကယ်မယုံနိုင်ဘူး
သူဘယ်လောက်တောင် မယုံနိုင်ခြင်းများစွာနဲ့ အံ့သြနေလဲဆိုရင် ဘဏ်စာအုပ်ကိုဖွင့်ပြီး
"O" ကဏန်းတွေကို ထပ်ခါထပ်ခါ ရေထွက်နေတဲ့ အထိပါဘဲ"တကယ် 1 million ဘတ်လား ဒီလောက်များတဲ့ ပိုက်ဆံတွေကို ငါတစ်ခါမှတောင် အိပ်မက်မမက်ဖူးဘူး
ဒါပေမဲ့လည်း…ငါကံကောင်းတယ်လို့ ပြောရမှာဘဲ…အနည်းဆုံးတော့ ငါမှာပိုက်ဆံမရှိတာ သူ သိသေးတယ်လေ……hahaha……"
gunမှာတော့ အောင်ဘာလေ ဆုကြီးပေါက်သလို အပျော်ကြီးပျော်နေဧ။်
"အာ …နေပါဦး ငါဘယ်ကျောင်းကို သွားတတ်ရမှာလဲ"
gun စာရွက်စာတမ်းတွေကို နောက်တစ်ကြိမ် ပြန်စစ်လိုက်သည်
" Surasakmontree ကျောင်း ; သချာ် အထူးပြု ဘာသာရပ်……
hehee……ငါသိပ္ပံကျောင်းသားဆိုတာလည်း သူသိတာဘဲဟ""အန်……Su…Surasakmontree school……¿¿
ဒါ … အစိုးရပိုင်ကျောင်းမဟုတ်လား…တကယ်ကြီးလားဟ…အာ…တော်တော်ရီရတာဘဲ ငါက ဒီကျောင်းကို ဘာလိုသွားရမှာလဲ"တနေကုန် gun မြင်နေတွေ့နေရတာတွေက ယုံချင်ဖွယ်ရာ တစ်စက်မှမရှိ မရေတွက်နိုင်တဲ့ မေးခွန်းပေါင်းများစွာက သူရဲ့မသိစိတ်ကို မထီမဲ့မြင်ပြုနေသယောင်
YOU ARE READING
REMEMBER ME
Fanfictionဒီဝတ္ထုကို ကျမ မပိုင်ပါ ဇာတ်လမ်း အကြောင်းအရာများသည်လည်း ကျမဧ။် ကိုယ်ပိုင်အတွေးများမဟုတ်ပါ Author Na-nadh ရဲ့ ကိုယ်ပိုင်ဝတ္ထု တစ်ပုဒ်ဖြစ်သည် ဒီဝတ္ထုအား ကြိုက်နှစ်သက်သည့်အတွက် translateလုပ်ခြင်းဖြစ်ပါသည်.........