Part-11(Ending)

9.8K 433 37
                                    

Unicode

ရှေးမောင်: မင်္ဂလာပါ ဗျ.. ပြန်တွေ့ရတာဝမ်းသာပါတယ်။

ဦးချစ်: ဘာကိုဝမ်းသာနေတာလဲ...ငါတစ်ယောက်ထဲ ရဲ့
အချစ်တွေနဲ့မလုံလောက်လို့လား။

ရှေးမောင်: မဟုတ်ပါဘူးကွာ...မောင်တို့ကိုလွမ်းနေတဲ့သူတွေများ ရှိမလားလို့ပါ။

ဦးချစ်: မင်းကို ငါကလွဲပြီး လွှမ်းမယ့်သူမရှိဘူး။ ဘာလုပ်နေတာလဲ မင်္ဂလာ အခမ်းအနား စတော့မယ် မြန်မြန်လာ။

ရှေးမောင်: ဟုတ်ကဲ့ အားလုံးပဲ ကျွန်တော်တို့ မင်္ဂလာ ပွဲကို
လာခဲ့ကြဖို့ ဖိတ်ပါတယ်။

ဦးချစ်: မောင်! မလာရင်... ငါလာနမ်းတော့မှာနော်..

ရှေးမောင်: တာ့တာ..လာခဲ့ဖို့ မမေ့နဲ့နော်။

...........................

မင်္ဂလာပွဲ ဖြစ်လာရသော အကြောင်းအရင်း....

"ဦးချစ် ဘာတွေ အော်နေတာလဲ"

ရှေးခေတ် တစ်ယောက် အခန်းထဲက ပြေးထွက်လာပြီး
ဦချစ်လက်ကို ဆွဲလိုက်တယ်။

" အတန်းချိန် ရှိတယ်မဟုတ်ဘူးလား။ ဘာလာလုပ်တာလဲ"

"လပ်ထပ်ခွင့် လာတောင်းတာ!"

လောစပီကာကို ချဖို့ အစီအစဉ် မရှိသလို အကုန်လုံး
ကြားအောင် ပြောလိုက်ပြန်တဲ့ ဦးချစ်။ ရှေးမှာ မျက်နှာပူလွန်းလို့ ရေခဲရေ ပြေးစိမ်ရတော့မလိုတောင်ဖြစ်နေပြီ။

"ဦးချစ်ရာ...လက်ထပ်ခွင့်က မင်းတောင်းရမှာမဟုတ်ဘူး
မောင်တောင်းရမှာလေ"

"ငါတောင်းရမှာ...မင်း ကို စော်တွေလိုက်ကပ်နေတယ်
ဆိုပြီးကြားနေရတယ်။ မကြားချင်ယောင်ဆောင်ထားလဲ
မရဘူး အာကာမင်းယံတို့ကို သက်သေထားပြိီးငါပြောတာ"

ဒီမိန်းမတွေ ဘာလို့ လာကပ်နေကြမှန်းကိုမသိတာပါ။
အခုတော့ ဦးချစ်ကို လက်ထပ်ခွင့် တောင်းရမယ့်
အခွင့်အရေး ဆုံးရှုံးလိုက်ရပြီ။ရှေး စိတ်ရှုပ်စွာ ခေါင်းကုပ်လျှင် ဦးချစ်က မျက်နှာလေး မော်ချီထားလိုက်ပြီး..

"ကဲပြော ငါအခု မင်းကိုလက်ထပ်ခွင့်တောင်းနေတယ်။
လက်ခံမှာလား.. လက်မခံဘူးလား"

Before Fiction (Completed) Tahanan ng mga kuwento. Tumuklas ngayon