မင်းသခင်တစ်ယောက် ဒီနေ့မုန့်ဖိုးလေးတွေများများစားစားရှိနေတော့ အဝတ်ဆိုင်တွေဘက် လမ်းသလားနေမိတော့တယ်လေ အင်္ကျီလေးတွေဘောင်းဘီလေးတွေက စုံစိလို့ ဒါပေမယ် သူ့ကြိုက်တဲ့အရောင်အသွေးမျိုးမတွေ့သေး ဒါကြောင့် တစ်ဆိုင်ပြီးတစ်ဆိုင်လျှောက်ကြည့်ရင်း တစ်နေရာရောက်တော့......မင်းသခင် အင်္ကျီလေးကိုကြည့်ရင်းမျက်စိကမလွဲနိုင်တော့ ဒီဇိုင်းလဲလှသလို အရောင်လည်းမိုက်တယ်လေ တော်လိုက်တဲ့ ဒီဇိုင်နာ ဆိုပြီး အင်္ကျီလေးကိုယူဖို့ အထဲဝင်လိုက်တယ် ပြီးတော့ အင်္ကျီလေးကိုလှမ်းကိုင်လိုက်စဉ်မှာပဲ.....အခြားလက်တစ်ဖက်က ရုတ်တရက်ပ်ါလာပြီး အင်္ကျီကိုလှမ်းကိုင်လိုက်တာကိုတွေ့လိုက်ရတော့ ရုတ်တရက်ကြောင်အမ်းအမ်းဖြစ်သွားတယ်...လက်ကတော့ အင်္ကျီကိုမလွှတ်သေး ထိုအတိုင်း ကိုင်ထားသော တစ်ခြားတစ်ယောက်ကလဲမလွှတ်သေး.....မင်းသခင် ဒေါသထောင်းခနဲထွက်သွားပြီး...ထိုသူကိုစူးစူးစိုက်စိုက်ကြည့်ကာ...
"ဟေ့.... ခများဘယ်လိုလူလဲ ဒီအင်္ကျီက ကျုပ်ယူမလို့ဗျ...,"
မင်းသခင်ရဲ့စကားကိုကြာတော့ ထိုသူက မင်းသခင်ဘက်လှည့်လာပြီး...
"ဟ.. ခများကသာ မျက်စိကန်းနေတာလား ဒီအင်္ကျီကိုကြိုက်လို့ကျုပ်ကြည့်နေတာကြာပြီ အခုယူမလို့ဆုံးဖြတ်ပြီးလှမ်းကိုင်တာကို ခများက နောက်မှလာပြီ ဘာလာကြောင်နေတာလဲ...."
ထိုသူရဲ့ စကားကိုကြားတော့ မင်းသခင်ဒေါသအတောင့်လိုက်ထွက်သွားရတယ် ကိုယ်ကပဲမျက်စိကန်းရဦးမယ်..ဒါကြောင့်အင်္ကျီကိုစောင့်ဆွဲရင်း
"ဘာလို့ ကန်းရမှာလဲ ကန်းမယ့်ကန်းခများပဲကန်းနေမှာ..ပေးစမ်းပါဗျာ ကျုပ် အရင်ယူထားတာ...."
ထိုသူကလည်းမလွှတ်...ကျုပ်အရင်တွေ့ထားတာဗျ ဆိုပြီး ပြန်ဆွဲတယ်လေ..ဒါကို ဆိုင်ရှင်ကောင်မလေးတွေ့သွားတော့ ကမန်ကတန်းပြေးလားပြီး...
YOU ARE READING
မတ်ေတာရဲ့ထုထညျ မေတ္တာရဲ့ထုထည် [Complete]
Romance"ငါကတော့..အချစ်ဆိုတာ..ဖတ်ထားခြင်းပဲလို့မြင်တယ်... သေချာပြေားပြရရင်ဟာ...လူတစ်ယောက်ကိုချစ်မိပြီဆိုရင်..သူ့အနားမှာပဲ..အမြဲနေပြီး..သူ့ကိုနွေးထွေးစွာဖတ်ထားချင်တာမျိုး.... နောက်ကျေားမှာဓားလာစိုက်လဲ....မလွှတ်ဘူး... မြှားလာစိုက်လဲ...