🎙 3 🎙

622 36 0
                                    

အချိန်​နှင့်​ ဒီ​ရေက လူကိုမ​စောင့်​ ဆိုသလိုပါပဲ..အချိန်​ဟာလည်း..သူ့ရဲ့ တာဝန်​အတိုင်​..တစ်​​နေ့ထက်​တစ်​​နေ့ တစ်​ဖြည်းဖြည်း​ရွေ့လျား လျက်​ပဲ​ပေါ့....အသက်​​တွေလည်း..တစ်​​နေ့နဲ့တစ်​​နေ့..တစ်​စက္ကန့်​နဲ့တစ်​စက္ကန့်​ ကြီးလာကြတာပါပဲ​လေ..အခုဆိုရင်​..​နေဘုန်းခနဲ့ မင်းသခင်​တို့..ရန်​ကုန်​မြို့ကြီးမှာ​ရောက်​ရှိခဲ့တာ..၃လ​တောင်​​ကျော်​ခဲ့ပြီပဲ....မ​ပြောင်းလဲတာက​တော့..နှစ်​​ယောက်​သားက..ဘုနဲ့​ဘောက်​...တည့်​လည်းမတည့်...တကယ်​တမ်းကျ​တော့..သူတို့နှစ်​​ယောက်​က..Tom&jarryလိုပါပဲ..မတည့်​အတူ​နေ မမြင်​​ချောင်းကြည့်​​တွေ​လေ...ဘယ်​သူက​ကြောင်​..ဘယ်​သူကကြွတ်​မှန်းမသိနိုင်​​တော့တာတစ်​ခုပဲ....ဖိုးကစ်​​လေးနဲ့လည်း...ရင်းနှီး​နေကြပြီဖြစ်​သလို...ဖိုးကစ်​​လေးကလည်း..ဘယ်​ဘဝက​ရေစက်​မှန်းမသိပါ..သူ့တို့လက်​ထဲ​ရောက်​သွားရင်​..အ​မေအရင်းက..ပြန်​​ခေါ်တာ​တောင်​..မလိုက်​​တော့...ဒါ​ကြောင့်​..သီရိက...တစ်​ခါတစ်​​လေ..အားမလိုအားမရဖြစ်​ပြီး​ပြေားတတ်​ပါ​သေးတယ်​...ငါ့သားက..ငါ့ဆီ​တောင်​ပြန်​မလိုက်​တတ်​​တော့ဘူးတဲ့..အဲ့ဒီ​တော့..နင်​တို့နှစ်​​ယောက်​လက်​ထပ်​ပြီး..ငါ့သားကို​မွေးစားလိုက်​ပါ​တော့လားလို့​လေ....နှစ်​ဦးသားက​တော့ရယ်​ကျဲကျဲ​ပေါ့....သူ​ပြေားတဲ့စကားအ​ပေါ်..မရိုးသားစိတ်​နဲ့..ရင်​​ခုန်​မိကြ​ပေမယ့်​...မျက်​နှာချင်းကဆိုင်​လို့မရ..​နေဘုန်းခလည်းအ​လျော့မ​ပေးတတ်​သလို...မင်းသခင်​ကလည်း..ခပ်​တင်းတင်း​ပေ......သီရိနဲ့ သီဟတို့ရဲ့အကူအညီနဲ့ နှစ်​​ယောက်​လုံး..အခုဆိုရင်​အလုပ်​ကိုယ်​စီရသွားကြပါ​ပြီ....သူတို့​နေတဲ့အိမ်​​လေးက​တော့..သူငယ်​ချင်း​တွေဆို​ပေမယ့်​...ဖိုးကစ်​​လေး​ကြောင့်​..မိသားစုတစ်​ပိုင်​လို​တောင်​ဖြစ်​​နေကြပြီ​လေ...နှစ်​​ယောက်​လုံးက..အလုပ်​ကပြန်​လာတိုင်း..ဖိုးကစ်​​လေးအတွက်​..တစ်​ခုမဟုတ်​..တစ်​ခုခု​တော့ပါလာကြမြဲ.....တစ်​ခါတစ်​​လေ..မုန့်​​တွေပါလာပြီဆိုရင်​...ငါ့မုန့်​က​ကောင်းတယ်​..ဘယ်​ဆိုင်​ကဝယ်​လာတာ..သူ့မုန့်​ကမ​ကောင်းဘူးနဲ့..ဖို့ကစ်​​လေးကိုဝိုင်း​ကျွေး​နေကြတာ..သီရိဆို..တစ်​ခါတစ်​​လေ..အူတတ်​​အောင်​ပါရယ်​မိတဲ့အဖြစ်​...အဲ့လိုနဲ့ စကားများကြပြန်​ပြီ..သီရိတို့လင်​မယားက...ဝင်​ဖြန်​​ဖြေရပြန်​ပြီ​လေ....သူတို့နှစ်​​ယောက်​ကိုကြည့်​ရင်း..သီရိတို့လင်​မယားခမျာ..ရယ်​ပဲရယ်​ရမလို..စိတ်​ပဲတိုရမလိုဖြစ်​ဖြသ်​သွားတတ်​ပါ့.....
အခုလည်းကြည့်​..သူတို့ဝယ်​လာတဲ့မုန့်​​တွေ...ဖိုးကစ်​​လေးကို..ဝိုင်းလုပြီး​ကျွေး​နေကြတာ...ဘယ်​ချိန်​ ရန်​ထဖြစ်​မလဲပဲ...သီရိ​စောင့်​ကြည့်​​နေရတဲ့အဖြသ်​..ဖိုးကစ်​​လေးက​တော့...သူတို့နှစ်​​ယောက်​အလယ်​မှာ..တစ်​ခစ်​ခစ်​နဲ့​လေ.....

မတ်ေတာရဲ့ထုထညျ  မေတ္တာရဲ့ထုထည် [Complete]Donde viven las historias. Descúbrelo ahora