အခန်း(၃)
~~~~~တီ....တီ....တီ....
ကားဟွန်သီးသံကြားရတော့မှ ကျွန်တော်မနက်အိပ်ရာမှနိုးတော့သည်။ ညတုန်းကအတွေးနယ်ချဲ့နေသည်နှင့်ကျွန်တော်ဘယ်အချိန်အိပ်ပျော်သွားမှန်းကိုပင်မသိနိုင်အောင်ဖြစ်မိသည်။
တီ....တီ....တီ....
ကားဟွန်းသီးသံထပ်ကြားမှ ကျွန်တော်သတိရလိုက်သည်က ညကဖုန်းဆက်၍ပြောထားသော ကို၏စကားဖြစ်သည်။ ဓမ္မစကူးလ်သို့သွားရန်လာကြိုမည်တဲ့..။ ခု ကိုကလာကြိုတာများလား....သို့ရာတွင် စောသေးသည်ဟုထင်မိကာ နာရီကိုကြည့်မိတောလဲတကယ်ကိုပင်စောနေသေးကာ ၆နာရီခွဲပဲရှိသေးသည်။ကို၏ကားမဟုတ်ပါဘူးဟုတွေးရင်းနာရီဝက်ခန့် အနည်းငယ်ပြန်နှပ်ရန်အရှိန်ယူလိုက်သည်။ ထိုစဉ်ကားဟွန်းသီးသံကထပ်ထွက်လာသည်။
တီ.....တီ....တိ
ကျွန်တော်ကုတင်ပေါ်မှလူးလဲထကာအိပ်မှုန်စုံဝါးဖြစ် အိမ်ရှေ့တံးခါကိုဖွင့်ကြည့်လိုက်တော့တကယ်ပင် ကိုလာကြိုခြင်းဖြစ်နေသည်။ အစောကြီးဘာလို့လာကြိုတာလဲဟုတွေးနေစဉ် ကိုနှင့်ဝဏ္ဏလေးကကားပေါ်မှဆင်းလာသည်။ ကျွန်တော် အိမ်ရှေ့ထွက်ပြီးခြံတံခါးကိုဖွင့်ရမှာပျင်း၍ သော့ချိတ်တွင်ချိတ်ထားသော ခြံသော့အားကို့ဆီပစ်ပေးလိုက်သည်။ တကယ်တော့ခြတံခါးနှင့်အိမ်တံခါးသည် နှစ်ကိုက်မျှသာကွာပြီးခြေတစ်လှမ်းလှမ်းရင်ပင်ရောက်သည်။ ကျွန်တော်တို့အိမ်က ခြံအကျယ်ကြီးတွင်ဆောက်ထားသည့်အိမ်မျိုးမဟုတ်...။ကို့အိမ်လိုပင် ခြံ၏အကျယ်အဝန်းနှင့်သိပ်မကွာ ကိုယ်တို့အိမ်ကတိုက်ပုလေးဖြစ်ပြီး ကျွန်တော်တို့အိမ်ကာပျဉ်ထောင်တမံတလင်းဖြစ်သည်။
ကျွန်တော်၏ သော့ပစ်ပေးမှုကြောင့် ကလေးတစ်ဦးနှယ် ကိုကနှာခေါင်းကိုတစ်ချက်ရှုံ့သည်။ အိုတွေ့လား...ကျွန်တော့်ကိုအသည်းယားစေခြင်းဆိုသည်မှာကို၏ထိုကဲ့သို့အပြုအမူများပင်ဖြစ်သည်။ယခင်လိုအချိန်မျိုးဆို ကျွန်တော် ထိုနှာခေါင်းကြီးကို လက်ဖြစ်ညှစ်ချေလိုက်မိမည်။ သို့ရာတွင် ဝဏ္ဏလေးဘေးမှာရှိနေသည်ကတစ်ကြောင်း အရင်လိုမဟုတ်သည်ကတစ်ကြောင်းကြောင့်ကျွန်တော့်စိတ်ကိုချုပ်တီးလိုက်ရသည်။