episode 5

236 11 0
                                    

အခန်း(၅)
~~~~~

"ကျွတ်...ကျွတ်..."

ကျွန်တော့်အသိများပြန်ဝင်လာကာ အစာအိမ်နာကျင်မှုကြောင့် အနည်းငယ်ငြီးငြူ မိခြင်းဖြစ်သည်။ တစ်ဆက်တည်း လက်ဖျံနားကစူးကနဲနာကျင်မှုကိုပါခံစားရ၏။

ကျွန်တော်ဘယ်ရောက်နေတာလဲ...ခုနက ကျွန်တော်ကမိုးရေထဲမှာလမ်းလျှောက်နေတာလေ...။ ဟုတ်တယ်နော်...ကျွန်တော့်ဘေးမှာကိုရှိနေတယ်။ ကိုကကျွန်တော့်လက်ကိုဖမ်းဆုပ်ထားတယ်။ ခုကိုရော...ကျွန်တော့်မြင်ကွင်းတစ်ခုလုံးကအမှောင်အတိဖုံးနေသည်။အို...ခုမှအမှောင်ဖုံးနေတာမဟုတ်...ကိုနဲ့ဝေးကွာကတည်းကကျွန်တော့်ဘဝအမှောင်ဖုံးလွှမ်းခဲ့တာ။

ကျွန်တော်က လေးပင်နေသောမျက်ခွံကိုအားယူကာဖွင့်ကြည့်မိသည်။ ဝေဝေဝါးဝါးမြင်ကွင်း...မာကျူရီမီးချောင်းလေးကတော့...ထိန်ထိန်လင်းနေသည်။ ကျွန်တော့်ဘဝ အလင်းပြန်ရနေပြီလား...။ ကျွန်တော်စိတ်တွေ...ကျွန်တော့်အတွေးတွေ...အိုကြောက်လန့်မှုကြောင့်ဇောချွေးတွေ...။

ကျွန်တော့်စိတ်ကခန္ဓာကိုယ်နဲ့လွတ်သွားစဉ်နေရာတစ်နေရာကိုရောက်သွားသည်။ တကယ်ကိုပင်ရောက်သွားသည်။ အိပ်မက်ဆိုးတစ်ခု၏နယ်ပယ်ထဲ ဒါပေမဲ့အိပ်မက်မဟုတ်တကယ့်အဖြစ်အပျက်နေရာလေး...။ ဟုတ်ပါသည် ကျွန်တော့်အကြောက်ဆုံးသောအတိတ်မြင်ကွင်းလေးတစ်ခုဆီပြန်ရောက်သွားခြင်းဖြစ်သည်။

"သတိရပြီလားညီ....."

ဒါ ကို့အသံပါ...။ ကိုကျွန်တော့်ကိုမထားခဲ့ဘူး...ကိုကျွန်တော့်အနားမှာရှိနေသားပဲ။
ကျွန်တော်ခေါင်းလေးကို ကိုရှိရာဘက်သို့စောင်းကြည့်သည်။

ကို၏ မျက်ဝန်းတွင်မျက်ရည်ကြည်ဥနေသည်။ ကိုငိုထားတာလား...။ မျက်နှာကလည်း ဖြူဖတ်ဖြူရော်ဖြင့်စိုးရိမ်မှုအထင်သားပေါ်နေသည်။ ကို ကျွန်တော့်ကိုစိုးရိမ်နေတာလား..။ ကို့ကိုစိတ်ပူအောင်ကျွန်တော်လုပ်ခဲ့မိပြီ။

ကျွန်တော် ခေါင်းကိုအသာအယာညိတ်ပြသည့်အခါ ကိုကပြုံးတုံ့တုံ့လေးပြန်ပြုံး၏။

"နောက်တစ်ခါ ကို့ယ်စကားနားထောင်နော်...ညီတစ်ခုခုဖြစ်သွားရင်ဆိုတဲ့အတွေးကို...ကိုယ်မတွေးပါရစေနဲ့..."

အနောက်တောင် မုတ်သုန်လေWhere stories live. Discover now