အပိုင်း ၃၃(နန်းတော်ဆိုတာ စစ်မြေပြင် )

918 103 4
                                    

အပိုင်း ၃၃(နန်းတော်ဆိုတာ စစ်မြေပြင် )

"ကျုပ်နာမည် ချန်လျန့်၊ရွှမ်ယွမ်ပြည်ရဲ့ စစ်သူကြီးတစ်ဦးဖြစ်ခဲ့တယ်။ ကျုပ်ဘဝမှာ သစ္စာဆိုတဲ့အရာကို ဘုရင်တစ်ပါးဆီမှာပဲ မြုပ်နှံထားတယ် ကျုပ်ရဲ့အရှင်သခင်အတွက် ကျုပ်အသက်ကိုပေးဖို့ဝန်မလေးခဲ့ဘူး ဒါပေမဲ့ ကျုပ်ခစားတဲ့ အရှင်သခင်က ကျုပ်မိန်းမကိုလိုချင်တဲ့အတွက် ကျုပ်ကိုအကွက်ဆင်ပြီး ကွပ်မျက်ခဲ့တယ် ။ ပြီးတော့ ကျုပ်သိပ်ချစ်ရတဲ့ ဇနီးဖြစ်သူက ကျုပ်သေဖို့အတွက် အဓိကကူညီသူဖြစ်နေတယ်။ သူတို့နှစ်ယောက်ကိုသေစေချင်တယ် သူတို့ကိုမုန်းတဲ့အမုန်းတရားတွေက ကျုပ်ဝိညာဥ်မှာ ပြည့်နှက်နေတယ် ။ မိစ္ဆာဧကရီ ကျုပ်အတွက် သူတို့ကိုသတ်ပေးပါ''

"ကောင်းပြီ ကျွန်မကတိပေးတယ်''

🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡🗡

"အိမ်ရှေ့စံမင်းသား ကြွချီလာပါတယ်''

"သူက ဘာလာလုပ်တာလဲ မင်းကြီးအနားယူနေတယ် သူ့ကိုတွေ့နိုင်မှာမဟုတ်ဘူး''

"ဒုန်း...''

"မိဖုရားဝမ် က ဘယ်အာဏာနဲ့ ငါအိမ်ရှေ့စံကိုတားဆီးနိုင်ရတာလဲ ''

"အိမ်ရှေ့စံ ဘယ်လိုတောင်ရဲတင်းရတာလဲ မင်းကြီးအနားယူနေတယ်ဆိုတာမသိဘူးလား''

"အော ဟုတ်လား ခမည်းတော် အနားယူနေတာကိုအခွင့်ကောင်းယူပြီး သွေးထိုးစကားတွေပြောနေတာကရော ဘယ်လိုရဲတင်းမှုမျိုးပါလဲ မိဖုရားဝမ်''

ထိုအခါ ငြိမ်သက်နေသော မင်းကြီးက ချောင်းတစ်ချက်ဟမ့်ကာ...

"ခန်းအာ...ကိုယ်တော့်ကိုလျှောက်တင်စရာရှိလို့လား''

"ခမည်းတော် ယွမ်ခရိုင် နယ်စပ်မှာ စစ်ပွဲဆင်နွှဲနေတဲ့ တပ်ကို စားနပ်ရိက္ခာထောက်ပံ့တဲ့လှည်းတွေ ဓားပြတိုက်ခံရတဲ့ကိစ္စ မှတ်မိပါသလား''

မင်းကြီးသည် အနည်းငယ်တွေဝေစဥ်းစားကာ...

"အင်း...ကိုယ်တော်တောင် မင်းကိုအပြစ်ပေးတဲ့အနေနဲ့ နန်းရင်ပြင်မှာ ဒူးထောက်ထားခိုင်းသေးတယ်မလား''

"ဟုတ်ပါတယ် အဲ့ဒီကိစ္စရဲ့တရားခံကိုရှာတွေ့ပါပြီ''

"ခွမ်း...''

(Not GL)ဧကရီနှစ်​ပါး၏ ဒဏ္ဏာရီ (Unicode+Zawgyi) (Completed)Dove le storie prendono vita. Scoprilo ora