[ Zawgyi ]
----------------ပယင်းတို့သူငယ်ချင်းအုပ်စု စာမေးပွဲများပြီးသွား၍ ပြောထားသည့်အတိုင်း ထားဝယ်ကကမ်းခြေတွေဆီသို့ခရီးထွက်ဖြစ်ကြသည် ။ ကားကိုတော့ ပိုင်စေကပဲစီစဉ်ပေးကာ ၁၀ တန်းပြီးကတည်းက မိုးကုတ်ကိုခရီးထွက်ဖြစ်ကြသည် ကလွဲ၍ ဆက်မသွားဖြစ်တော့သော သူမတို့ရဲ့ဒီခရီးလေးဟာ ဒုတိယခရီးစဉ်တစ်ခုပေါ့ ။
မမငြိမ်းနဲ့သူမက ၂ ယောက်အတူထိုင်ကြကာ နောက်ဖက်မှာတော့ ရန်နောင် သွင်သစ် ပိုင်စေတို့ကထိုင်၏ ။ လူငယ်တွေချည်းထွက်မဲ့ခရီးစဉ်ကြောင့် ဆိုင်ရာမိသားစုများကစိတ်ပူနေပေမဲ့ အရွယ်ရောက်ပြီးလူတွေမို့ သိပ်ပြီးမချုပ်ချယ်ကြတော့ ။
သူမတို့ရဲ့ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေချည်းပဲ ဒုတိယအကြိမ်ခရီးထွက်ရတာမို့ သူမသာမက အားလုံးလည်းပျော်နေကြတော့သည် ။
ရန်ကုန်ကနေသွားရင် ၃၉၅ မိုင်ဝေးတဲ့ တနသာင်္ရီတိုင်းမှာရှိသောထားဝယ်မြို့လေးဟာ သူမတို့ကိုမည်သို့ကြိုဆိုနေမလဲဟူ၍ စိတ်လှုပ်ရှားစွာဖြင့်တွေးတော့နေမိ၏ ။ ထားဝယ်မြို့အနီး လောင်းလုံဆိုတဲ့မြို့လေးရဲ့ကမ်းရိုးတမ်းတစ်လျှောက်မှာ ကမ်းခြေတွေအများကြီးပဲရှိနေတာဟု မမငြိမ်းက ကားပေါ်တွင် သူမတို့ကိုရှင်းပြလေတယ် ။
" အဲ့ဒီကမ်းခြေတွေရဲ့အလွန်မှာ မော့စကော့လို့ခေါ်တဲ့ ထားဝယ်ကျွန်းစုတွေလည်းရှိသေးတယ် … မြိတ်နဲ့ကော့သောင်းအနီးတစ်ဝိုက်မှာ မြိတ်ကျွန်းစုပေါင်း 800 ကျော်ရှိသလို ထားဝယ်ကျွန်းစွယ်အလွန်မှာလည်း မော့စကော့လို့ခေါ်တဲ့ကျွန်းစုတွေရှိတယ် … အကြီးဆုံးကတော့ လူသိများတဲ့ဘုတ်ကျွန်းပေါ့ … အဲ့ဒီကျွန်းတွေရဲ့အောက်မှာရှိတဲ့ သန္တာကျောက်တန်းတွေက အလှဆုံးနဲ့သိပ်မပျက်ဆီးသေးတဲ့ကျောက်တန်းတွေလို့ ဂျာမန်ပညာရှင်တစ်ယောက်ကဆိုဖူးတယ် … အမကတော့ မရောက်ဖူးသေးတော့ မသိဘူး … အချိန်မအားတာလည်းပါတာပေါ့ … အဲ့ကိုသွားချင်ရင် စမ်းလှန်းလို့ခေါ်တဲ့ငါးဖမ်းရွှာလေးကနေ တစ်နာရီခွဲလောက်လှေစီးပြီးသွားရုံနဲ့ရောက်တယ်လို့ပြောကြတယ် … ကျွန်းပတ်လည်မှာရှိတဲ့ ရေတွေက crystal ဖြစ်နေတာမို့ ရေငုတ်လို့အကောင်းဆုံးပေါ့ … ဒါပေမဲ့ အခုသွားမဲ့ကမ်းခြေတွေကလည်း တော်တော်လှပါတယ် … မင်းတို့ရောက်ရင်သိလိမ့်မယ် … ထားဝယ်ကမ်းခြေတွေက ဘယ်လောက်လှလဲဆိုတာ "
YOU ARE READING
ချစ်သော Rainbow ( Complete ) ချစ်သော Rainbow [ ZG & Uni ]
Teen FictionTeen - fiction / romance & drama OC [ Zawgyi ] ---------------- ချစ်ခြင်းက Rainbow ဆန်တယ် ... အရောင်တွေကွဲပြားနေသလိုပဲ ချစ်ခြင်းတရားတွေကလည်းအမျိုးမျိုးကွဲပြားကြတယ် ... ဒါပေမဲ့ချစ်ခြင်းတစ်ခုစီတိုင်းကတော့လှပကြပါတယ် ... အားလုံးကိုပေါင်းစပ်လိုက်ရင်တော့...