FOR UNICODE USER
*******************ပုဂံခေတ် ။ခရစ်နှစ် ၁၃၈၃ခုနှစ်။
တော်သလင်း လဆန်း ၁၄ရက် ။ ပုဂံပြည်
ကြီး၏ ပွဲတော်ကျင်းပရာ နန်းမြင့်မျှော်စင် ။ပုဂံခေတ် မင်းဆက်များ၏
နောက်ဆုံးမင်းဆက်ဖြစ်သော နတ္တိသသောပတ
မင်းဆက် ၏ ဘုရင်မင်းမြတ်ရာထူး ဆက်ခံသော နေ့ဖြစ်သည်။ တစ်နည်း အားဖြင့် အိမ်ရှေ့စံ စည်သူအတ္ထိ ဖြစ်သူ၏ အနာကျင်ရဆုံးနေ့ဖြစ်သည်။ နန်းတော် ပတ်ပတ်လည် နှင့် နန်းမြင့်မျှော်စင် တစ်လျှောက်
ဆိုင်းများ ၊ ဘုံများ ၊ ဒိုးစည် ၊ အိုးပတ်များ နှင့်
ယိမ်းအကမယ်လေးများ စည်ကားစွာ ပွဲတော်
ကြီးကိုကျင်းပနေလေ့ရှိသော်လည်း နန်းတော်၏
အိမ်ရှေ့ဆောင် တွင်းမှ မင်းသားတစ်ပါးမှာမူ နာကျင်မှု
လက်စားချေလိုမှု ၊ သောကဗျာပါတ များစွာကို ရင်ဝယ်ပိုက်
လျှက် ငူငူငိုင်ငိုင်ဖြင့် ထိုင်လျှက်ရှိနေသည်။" အရှင် "
ထိုအသံသည် ငယ်စဥ်ကတည်း မှ မိမိကိုအလွန်ကြင်နာ ဂရုစိုက်ခဲ့သော သူတစ်ယောက်၏ အသံပင် ဖြစ်သည်။
ထိုအသံကြားရလျှင် သောကများ တစ်ဝက်မျှပင် လျှော့ကျသွားသကဲသို့ စိတ်ကို ကြည်လင်မှူပေးစွမ်း၏။
ထိုသူမှာ မှူးမတ်ကြီးအရာခံ ဒီပသက္ခ။" အမတ်ကြီး ဒီပသက္ခတောင် ရောက်လာရော့ပေါ့ ။"
" အရှင့်မင်းသား ကြွချီရတော့မယ့် အလှည့်ရောက်ပါပီ။ ရွှေစိတ်တော် မညှိုးငယ်ပဲ ။ အကျွန်ုပ်က အရှင့်သား အတွက် အဆင်သင့်ရှိနေမှာမို့ မျက်နှာဟန်ပန် ကို အရှင့်သား အနေနဲ့ ယခင်ကထက် ပိုမို ကောင်းမွန်လာတဲ့ပုံကို မျှော်ဖူး ချင်ပါတယ် အရှင် "
အဲ့သလို မှူးမတ်ကြီးက ဆိုလျှင်စည်သူအတ္တိ ၏ စိတ်ထဲတွင်မကောင်း ။ မိမိအား အလိုလိုက်ပျော်အောင် ထားခဲ့သူ ၏ စိတ်ပျော်ရန်အလို့ငှာ ချက်ချင်း မျက်နှာ ကို တည်ကြည်ငြိမ်းအေးစွာ ပြင်ဆင်လိုက်သည်။ ထိုအခြေနေကိုကြည့်နေသော
ဒီပသက္ခ၏ မျက်လုံးများ၌ လေးစားချစ်ခင် မှုအပြည့်ပင်။
YOU ARE READING
My Love Is From Bagan Era
Romanceကမ္ဘာလောကကြီးတွင် နေကြတ်သောအချိန် ၊ လကြတ်သောအချိန်များ တွင် ကမ္ဘာလောကတစ်ခုမှ အခြားလောကတစ်ခုသို့ ကူးပြောင်း ဆက်နွယ်သွားရန် Parallel world ကမ္ဘာအတွက် အမှောင်စွမ်းအားများ ကျရောက်လေ့ရှိသည်။ ထိုအဖြစ်ပျက်သည် နှစ်တစ်ထောင်မှ တစ်ခါ ဖြစ်ခဲသလို ဖြစ်...