*ချလွမ်း ခွမ်း*
"ထွက်သွား! ထွက်သွားလို့ပြောနေတယ် မကြားဘူးလား။ ရှင့်မျက်နှာကို ကျွန်မ မမြင်ချင်ဘူး အခုထွက်သွား!" သူမ အာခေါင်ခြစ်ပြီး စူးရှစွာ အော်ဟစ်ရင်းနဲ့ အိပ်ယာဘေးမှ နှင်းဆီ ပန်းနီနီများနှင့် အလှဆင်ထားသော ဖန်ပန်းအိုးကို ယူကာ အိပ်ယာ ခြေရင်းမှာ မလှုပ်မယှက် ရပ်နေသော သူ့ဆီကို အားကုန်ယူကာ ပစ်လိုက်သည်။
ပန်းအိုးက ဦးခေါင်းကို တည့်တည့်မှန်၍ တစ် ဆစ်ဆစ် နာကျင်လာသော်လည်း သူမရုန်းမိ။ သူ့ခြေချောင်းများရှေ့တွင် တစစီ ကွဲကြေသွားသော ပန်းအိုးကိုသာ ငေးနေမိသည်။
ဒီလို အဖြစ်အပျက်မျိုးက သူတို့ အိမ်ထောင်သက် ၄နှစ် အတွင်း ခဏခဏ ဖြစ်တတ်သော အရာမို့ Tae အတွက်တော့ ထူးဆန်းမနေ။ နေ့စဉ်နေ့တိုင်း နာကျင်နေရသောအခါ ထိုနာကျင်မှုကို တဖြည်းဖြည်း လျစ်လျူရှုတတ်လာသည်။
"Daddy?"
အသံလာရာ အိပ်ခန်းတံခါးနားကို လှည့်ကြည့်လိုက်တော့ သားငယ် Nong Bas က အခန်းတံခါးဘောင်နားမှာ ကုပ်ကုပ်ကလေးရပ်ကာ သူ့ကို တစ်လှည့် အိပ်ယာပေါ်က သူ့ Mae ကို တစ်လှည့် မရဲမဝံ့ခိုးကြည့်နေသည်ကို တွေ့လိုက်ရသည်။"သား အင်္ကျီမလဲသေးဘူးလား။ ကျောင်းကားလာေတာ့မယ်လေ။" Tae မျက်နှာကို ချက်ချင်းပြင်ပြီး သူ့သားဖြစ်သူကို အားယူကာ ပြုံးပြလိုက်သည်။
Ai'Prae ကတော့ သားကို မြင်သည်နှင့် မျက်နှာကို တင်းကာ တစ်ဖက်သို့ လှည့်နေတော့သည်။
"Daddy ခေါင်းမှာ- နာနာ-"
"Daddy ဘာမှ မဖြစ်ဘူး။ လာ အင်္ကျီ သွားလဲရအောင်။ ကျောင်းနောက်ကျတော့မယ်။" Bas လေး ဘာမှ ဆက်မပြောနိုင်ခင် သူ မချီလိုက်ပြီး သူတို့ လင်မယား အိပ်ခန်းတံခါးကို ပိတ်ကာ ကလေး အိပ်ခန်းဖက်သို့ ထွက်လာခဲ့လိုက်သည်။
ပါးပေါ်ကို ခပ်နွေးနွေး စီးကျနေတဲ့သွေးတွေကို Tissue နဲ့ အဖြစ်သုတ်လိုက်ပြီး ကလေးကို အင်္ကျီလဲ မုန့်ကျွေးကာ ကျောင်းကားပေါ်တင်ပေးပြီးတဲ့နောက်မှ မပြန်ချင် ပြန်ချင်နှင့် အလုပ်အတွက်ပြင်ဆင်ဖို့ အိပ်ခန်းဖက် ထွက်လာတော့ Prae က ကုတင် တစ်ဖက်သို့ စောင်းကာ အိပ်ပျော်နေပြီသည်ကို တွေ့လိုက်တော့မှ သက်ပြင်းချပြီး ရေမိုးချိုးကာ ပြင်ဆင်နိုင်တော့သည်။
YOU ARE READING
The Last String (TaeTee)
Fanfiction"ကျွန်တော့်ဆီကို လာခဲ့ပါ။ Phi ဖက်က ကျွန်တော်ရပ်တည်ပေးမယ်။ Phi ဒဏ်ရာတွေကို ကျွန်တော် ကုစားပေးမယ်။ ကျွန်တော့်ကို ယုံတယ်မလားဟင်?" Trigger Warning: Abusive Behaviour ❗️❗️❗️ - Tee Thanapon pic crd to owner