Yoonmin

3.5K 226 31
                                    

Zawgyi

ကုတင်ပေါ်မှာ အသံတွေကဆူညံကျယ်လောင်စွာထွက်ပေါ်နေသည် ။ တစ်စုံတစ်ယောက်ရဲ့အားရကျေနပ်မှုကြောင့်ထွက်ပေါ်လာသောအသံနဲ့ တစ်စုံတစ်ယောက်ရဲ့ နာကျင်ထိခိုက်မှုကြောင့် ထွက်ပေါ်လာရသောအသံ ။ မည်သို့ပဲဆိုစေကာမူ အသံတွေဘယ်လိုပဲကျယ်လောင်အော်ဟစ်နေပါစေ ။ အိမ်ကြီးထဲမှာတော့ ဒီအသံတွေကိုကြားမယ့်သူ တစ်ဦးတောင်မရှိလေရဲ့. ......

Pandora Entertainment ကုမ္ပဏီပိုင်ရှင်တစ်ဖြစ်လဲ Min Group ရဲ့တတိယမြောက်အမွေဆက်ခံသူဖြစ်တဲ့ Producer Min Yoongi ဟာ Seoul လူချမ်းသာရပ်ကွက်တစ်ခုက ခြံကျယ်ကြီးတစ်ခြံထဲမှာ သူနဲ့လက်ထပ်ထားတဲ့ ကောင်လေးကို အကျယ်ချုပ်ထားထားတယ်ဆိုရင် ဘယ်သူကမှယုံကြလိမ့်မယ်မထင်ဘူး ။ ခြံစောင့်ကြီးအိမ်နားတောင်မသွားစေရဘဲ အိမ်ပေါ်မှာပဲနေခွင့်ရတဲ့ကောင်လေးဟာ အပေါ်ထပ်ဝရန်တာကနေ အပြင်ဘက်လမ်းမကိုငေးမောနေလေရဲ့ ။ ဆိတ်ငြိမ်ရပ်ကွက်ဖြစ်တာကြောင့် လူသွားလူလာမရှိတဲ့လမ်းမကိုတောင် သူခြေမချခဲ့ရတာ ၃ နှစ်ပြည့်တော့မယ် ။

" Honey! ဝရန်တာမှာဘာထွက်လုပ်နေတာလဲ အအေးပတ်လိမ့်မယ် ဆောင်းလေကအေးတယ် "

ပြောလို့မဆုံးသေးခင် ပုခုံးလေးပေါ်ကိုဝဲကျလာတဲ့ စောင်ပါးလေးတစ်ထည် ။ Jimin ကိုနောက်ကသိုင်းဖက်လိုက်ရင်း Yoongi ပါးချင်းအပ်ထားလိုက်သည် ။ ဒီကလေးကိုချစ်လွန်းလို့ အရယူခဲ့တာ လွန်တယ်လို့ကိုမထင် ။ ဘယ်သူတွေဘာတွေပဲပြောနေပါစေ ချစ်လွန်းလို့နာမည်တောင်မခေါ်ဘဲ သု့အတွက်သီးသန့်နာမ်စားလေး Honey လို့ပဲခေါ်ရလောက်တဲ့အထိ မြတ်နိုးတွယ်တာမိသူလေး ။
သူဘာပြောပြောပြန်မပြောဘဲ သူ့အလိုကျအကုန်လိုက်လျောပေးတဲ့ကလေး ။ ဒီကလေးအတွက်သာဆို ဆူးခင်းလမ်းလည်းဖြတ်ရဲသလို ငရဲအထိသွားရမယ်ဆိုရင်တောင် Min Yoongiတို့ မျက်ခုံးတစ်ချက်တွန့်မှာမဟုတ်ဘူး ။ ဒါပေမဲ့လည်း ပြီးပြည့်စုံတဲ့အရာဆိုတာ လောကမှာမရှိဘူးလေ။ Yoongi လိုအပ်နေတာက တစ်ခုတည်းပါ Park Jimin ရဲ့အချစ်ပဲ ။

🍂

" Hyung လွှတ်ပါဦး ကျွန်တော့်ကိုလွှတ်ပါတော့ ၊ ကျွန်တော်နာနေပြီနော် "

Jimin မျက်ရည်ဝဲကာပြောနေပေမယ့် Yoongi မျက်လုံးတွေထဲမှာတော့ သနားငဲ့ညာခြင်းဆိုတာ အလျဉ်းမရှိ ။ ပုခုံး ၂ ဘက်လုံးကိုခပ်တင်းတင်းဆုပ်ကိုင်ရင်း Jimin ရုန်းကန်နေသမျှကို မျက်နှာတစ်ချက်မပျက်ဘဲ စူးစူးစိုက်စိုက်ကြည့်နေလေသည် ။ Yoongi မျက်လုံးတွေထဲမှာ တပ်မက်မှုစိတ်တွေကို အထင်းသားမြင်နေရသည် ။ ရင်ဘတ်ကိုတဒုန်းဒုန်းထုနှက်လာတဲ့ လက်သီးဆုပ်လေးကို လက်တစ်ဖက်နဲ့ဆွဲကိုင်ရင်း နံရံမှာကျောကပ်ပစ်လိုက်တော့ Jimin ခမျာအင့်ကနဲ ။

My Possessive Boyfriend ( Yoonmin _ One Shot )Where stories live. Discover now