အပိုင်း - 5
2K 280 5
Previous Ep - ကျွန်းပေါ်မှာ ကျွန်တော်တို့နှစ်ယောက်ဘဲရှိလားဟင် . . . ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
မျက်ဝန်းတောက်တောက်တစ်စုံနှင့် သူ့အားမျှော်လင့်တကြီးကြည့်နေသော သူအား He Xuan မသိကျိုးကျွံပြုကာ
" မင်း အပြင်ကိုထွက်ကြည့်ထားတာလား . . . ။ "
He Xuan အမေးကို Qing Xuan ခေါင်းလေးတစ်ဆတ်ဆတ်ငြိမ့်ကာ
" အွန်း. . . ကျွန်တော်မနေ့ညက ထွက်တုန်းက . . . ။ "
မနေ့ညကတည်းက အပြင်ရောက်ခဲ့သည်ကိုကြားတော့ He Xuan မျက်ခုံးပင့်လိုက်ကာ
" ထွက်သွားချင်တာများ မနေ့ညကတည်းက ဘာလို့ထွက်မသွားတာလဲ . . . ။ "
" အဲ့ဒါက . . . "
' ရေထဲမှာ အသားမပါတဲ့ငါးရိုးကြီးတွေက တဝုန်းဝုန်းနေနဲ့ဖြစ်နေတာကို။ တောထဲကျလည်း မမြင်ရတဲ့ဟာတွေက လှုပ်ရွလှုပ်ရွနဲ့ . . . '
စကားသံဆက်ထွက်မလာဘဲ ပွစိပွစိ ရေရွတ်နေတဲ့ အကောင်ပေါက်ကြောင့် He Xuan ပြုံးလိုက်မိသည်။သူ့ရဲ့အကြောင်းပြချက်ကိုကြားချင်သဖြင့်
" အဲ့ဒါက ဘာဖြစ်လဲ ! ဆက်ပြောလေ . . . "
အရည်လဲ့နေသော မျက်ဝန်းတစ်စုံက အသနားခံနေသလို ကြည့်လာ၏။
" ထားလိုက်တော့ . . . ။ ဘယ်လိုဘဲဖြစ်ဖြစ် ထွက်ပြေးဖို့ နည်းနည်းလေးမှမတွေးနဲ့ . . . ။ဗိုက်ဆာပြီမလား။ စားဖို့တစ်ခုခုလုပ်ပေးမယ် . . . ။ "
နဖူးချင်းတိုက်လိုက်ကာ ထွက်သွားဖို့ပြင်လျှင်
" နေ . . .နေအုံးလေ. . .။ "
ဝတ်ရုံစကိုဆွဲကာ ဟန့်တားလာတဲ့သူကြောင့် He Xuan ဘာလုပ်တာလဲဆိုတဲ့ မျက်နှာထားနှင့်ကြည့်လိုက်တော့
" ခင် . . ခင်ဗျားက He . . He Xuan ဆိုရင် ကျွန်တော်ကဘယ်သူလဲ . . . ။ ပြီးတော့ ဒီကျွန်းပေါ်မှာဘာလို့ကျွန်တော်နဲ့ခင်ဗျားဘဲရှိတာလဲ။ နောက်. . နောက်ပြီး ကျွန်တော်အစ်ကိုကိစ္စနဲ့ ပတ်သတ်ပြီးမကျေနပ်ရင် ခင်ဗျားကိုသတ်လိုက်ဆိုတာ ဘာကိုပြောတာလဲဟင် . . . ။ "
He Xuan နေရာမှာပြန်ထိုင်တာ သက်ပြင်းချလိုက်မိ၏။ Qing Xuan ရဲ့ပုံစံက တကယ်ကိုဘာမှမမှတ်မိတော့သလို။ Shi Wu Du နဲ့ ပတ်သတ်ပြီးသူအမှန်ကိုပြောရမလား၊ မုသားဘဲသုံးရမလား တွေးမရ။