" ဆယ်ဟွန်း ...ပြန်လာပြီလား..."အိမ်ထဲကိုဝင်လာတဲ့ ဆယ်ဟွန်း ကို ဆီးကြိူလိုက်ကာ လက်ထဲက အိတ်ကိုပြောင်းယူ လိုက်သည်.....
အရင်လို ပွေ့ဖက်နှုတ်ဆက်ဖိူ့ မျှော်လင့်ပေမယ့်ထိုအပြုအမူသည် အိုဆယ်ဟွန်းအတွက် ဘယ်တုန်းကမှ မရှိခဲ့သလို...
ပြောင်းလဲခြင်းဆိုတဲ့ သဘောတရားကိုကျနော့်ဆီ မပိူ့ပါနဲ့ဦးလား ဆယ်ဟွန်း ရယ်..
"သမီးရော!!!!!"
ပြန်လာတဲ့ အချိန်ဟာ ည ၁၁ နာရီ..သမီးလိုမူကြိုကလေးတစ်ယောက်ဟာ ဒီအချိန်အိပ်ပြီပေါ့...
သူ့ရဲ့မေ့လျော့ခြင်းတွေထဲမှာ သမီးကိုပါ ထည့်လိုက်လေသလား....
"သမီးကို ကျနော်သိပ်လိုက်ပြီ...မနက်ကျောင်းသွားရမှာလေ..."
အပေါ်ထပ်ကို တက်သွားတဲ့ သူ့နောက်ကို လိုက်ရင်း မေးစရာတွေက တစ်ပုံတစ်ပင်...
ကုမ္မဏီမှာ ဒီချိန်ကြီးထိများ အလုပ်လုပ်နေခဲ့တာလား ဆယ်ဟွန်း...
ကျနော့်ကို စိတ်ဆိုးနေလို့များ ဒီအချိန်ထိ အပြင်မှာနေနေတာလား...
စိတ်ဆိုးတယ်ဆိုရင်လည်း ၂လကျော်အောင်တော့ အေးစက်မနေသင့်ဘူးလေ...
ကျနော့်ကိုများ ငြီးငွေ့နေပြီလာ ဆယ်ဟွန်းရယ်...
မေးချင်တဲ့စကားတွေကို သူစိတ်ရှုပ်မှာကြောက်လို့ မြိုသိပ်လိုက်ရသူက ကျနော် ကင်မ်ဂျူံအင် ပါလေ....
နက်ခ်တိုင်ကိုချွတ်ပေးကာ အကျီလဲပေးတော့ ဝေ့ဝဲလာသည့် အမျိူးသမီးသုံး အကောင်းစားရေမွှေးနံ့ကို မသိချင်ယောင်ဆောင်ပြီး ဘာမှမဖစ်သလိုဘဲနေလိုက်သည်..
ရင်ထဲမှာ စိုးရိမ်မှုအပြည့်နဲ့ ပူလောင်နေရပေမယ့် အပြင်မှာတော့ တည်ငြိမ်စွာ နေနိုင်ခဲ့ပါပြီ..
၂လကျော်ဆိုတော့ လူလည်း ခပ်ထုံထုံဖစ်နေပြီလေ...
"အိပ်နှင့်တော့နော် ဆယ်ဟွန်း..ကျနော်စာတွေ မပြီးသေးလို့ စာကြည့်ခန်းမှာရှိမယ်..."
"အခုထိစာမပြီးသေးဘူးလား...ဘာတွေလုပ်နေတာလဲ..ကလေးလည်း မဟုတ်ဘဲနဲ့"

YOU ARE READING
Love Story | Zawgyi + Unicode |
Fanfictionကျနော်တို့ ၂ယောက်ရဲ့ အချစ်ပုံပြင်.. SeKai Yaoi