PROLOGUE ( zawgyi + unicode)

8K 611 65
                                    

[Unicode version]

အေးခဲလှသော ဆောင်းရာသီ၏ အငွေ့အသက်တို့ကို
အံတုကာ jiminသည် လွယ်အိတ်ကိုတစောင်းလွယ်၍
ခြင်းထဲက ပန်းစည်းကိုကြည့်ရင်း
စက်ဘီးကို အနားမပေးတမ်း နင်းလာလေသည်။
အချိန်ကား ညနေ၆နာရီထိုးရန် ၅မိနစ်အလို...။
ဒီနေ့သည် သူ့မွေးနေ့ဖြစ်သည့်အပြင်
၅နှစ်ကြာပြီးမှ ပြန်လာသည့် ပထမဆုံးရက်တစ်ရက်
ဖြစ်သောကြောင့် ပြန်လည်တွေ့ဆုံရန်အတွက်
ရင်တွေတလှပ်လှပ်ပင်...။ လမ်းထိပ်ကိုရောက်တော့
ငယ်ငယ်ကနှစ်ဦးသား အတူတူစားခဲ့သော
Cafe and bakeryဆိုင်ရှေ့မှာ ခနရပ်ပြီး
သူကြိုက်သည့် strawberry cheese cakeကို
ဝယ်ယူပြီး အမြန်ပြန်လာလိုက်သည်....။

ခြံရှေ့ရောက်တော့ ဦးလေး၏ အနီကားကိုမြင်တော့
သူပြန်ရောက်နေမှန်း တန်းသိလိုက်တာမို့ သူ့နာမည်ကို
ခပ်စွာစွာအော်ရင်း အိမ်ထဲပြေးဝင်လိုက်သည်။
အနီရောင်ဆံသားများနှင့် မိမိအား ကျောပေးထားသော
ထိုလူသားသည် ဦးလေးနှင့် တီတီတို့ကိုဖက်ရင်း
ပြုံးနေမှာကို ပြေးကြည့်စရာတောင်မလိုအောင်ကို
သိနေသည်။ လေးထောင့်ဆန်ဆန်အပြုံးတွေနဲ့ပေါ့။

" taehyung !!! ပြန်လာလို့ ကြိုဆိုပါတယ်! "

အနောက်ခြမ်းကနေ ခပ်ကျယ်ကျယ်အသံဖြင့်
သူကတဖြည်းဖြည်းလှည့်ကြည့်လာသည်။

" ရော့ ! "

ပန်းစည်းအား ကမ်းပေးရင်း ပြောတော့
ကြောင်ကြည့်နေသော taehyung... ။

"ပေးနေတာကို မြန်မြန်ယူလေကွာ..."

အကြည့်ချင်းဆုံသည့်အခိုက် တဒိတ်ဒိတ်ခုန်လာသော
ရင်ဘတ်ကြောင့် မိမိဘာသာ ရှက်ကိုးရှက်ကန်းဖြစ်လာပြီး
သူ့ရင်ဘတ်ထဲ ပန်းစည်းအား ထိုးထည့်လိုက်သည်။
လေးထောင်ဆန်သောအပြုံးတို့ဖြင့်မျက်နှာသည် ရုတ်ချည်း မျက်နှာတည်သွားပြီး မျက်ခုံးတို့ကို တွန့်ချိုးကာ..

"ပန်းပေးရအောင် ငါကမိန်းမလား... ကျစ်...

အဖေနဲ့ အဖေ ကျွန်တော် သွားနားတော့မယ်.."

"အေး... အေး.. အေးဆေးနား သား..
ရေမိုးချိုးပြီးမှ ထမင်းစားဖို့ ပြန်ဆင်းလာခဲ့.."

Love Bites ||kth:pjm|| (Hiatus)Where stories live. Discover now